SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အီရန် နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်ပါက မမျှော်လင့်ထားသော တုံ့ပြန်မှုများ နှင့်ရင်ဆိုင်ရမည်ဟု အီရန်သမ္မတပြော

Sunday, 22 April 2018 12:00 font size decrease font size decrease font size increase font size increase font size

ဒူဘိုင်း ဧပြီ ၂၁

အမေရိကန်အစိုးရအနေဖြင့် အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်မည်ဆိုပါက ၎င်းတို့၏ နျူကလီးယားအေဂျင်စီက မမျှော်လင့်ထားသည့် တုံ့ပြန်မှုများကို လုပ်ဆောင်ရန်အသင့်ရှိသည်ဟု အီရန် သမ္မတဟက်ဆန်ရူဟာနီက ဧပြီ ၂၁ ရက်တွင် ပြောသည်။

လာမည့်လတွင် နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်မည်ဟူသော ထရမ့်အစိုးရ၏ ပြောဆိုချက် ကိုရည်ညွှန်း၍ ရူဟာနီက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ သို့ရာတွင် မည်ကဲ့သို့ တုံ့ပြန်မည်ကို အတိအကျ ပြောဆိုထားခြင်းမရှိပေ။

အီရန်နျူကလီးယား သဘောတူစာချုပ်ကို အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံ အကြား ၂ဝ၁၅ ခုနှစ် တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယင်းစာချုပ်တွင် ချို့ယွင်းချက်များ ပါဝင်နေပြီး သဘောတူညီချက်ကို ပြင်ဆင်ရန် သဘောတူရမည်ဟု ထရမ့်က ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကို ယခုနှစ် ဇန်နဝါရီလအတွင်း ရာဇသံပေး တောင်းဆိုထားသည်။ ထို့ပြင် အဆိုပါ နျူကလီးယား သဘောတူစာချုပ်သည် အမေရိကန်ပြည်ထောင်စု ပါဝင်စေ့စပ်ဆွေးနွေးခဲ့သည့် သဘောတူ စာချုပ်များအနက် အဆိုးရွားဆုံး သဘောတူစာချုပ်ဖြစ်သည်ဟု ထရမ့်က ပြောသည်။

အမေရိကန်အစိုးရသည် ဥရောပ မဟာမိတ်နိုင်ငံများနှင့် အပြင်းအထန် ဆွေးနွေးနေပြီး ထရမ့်အနေဖြင့် အီရန် အပေါ်ပိတ်ဆို့မှု ထပ်မံချမှတ်ခြင်းကို ရပ်ဆိုင်းရန် မထုတ်ပြန်ပါက ယင်းနိုင်ငံ အပေါ်ပိတ်ဆို့မှုများ ထပ်မံချမှတ် သွားမည်ဖြစ်ဟု ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အမေရိကန်၏ သံအမတ် ရောဘတ်ဝုက ပြောသည်။

Read 155 times Last modified on Sunday, 22 April 2018 12:04