SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပျောက်ဆုံးနေသော ကလေးငယ်ကို ကယ်ဆယ်နိုင်သည့် မျက်မမြင် နားမကြားခွေးအား သြစတြေးလျ ရဲတပ်ဖွဲ့က ဂုဏ်ပြု

Sunday, 22 April 2018 12:04 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ ဧပြီ ၂၁

သြစတြေးလျနိုင်ငံ၌ မျက်မမြင်နားမကြားသော ခွေးတစ်ကောင်သည် ပျောက်ဆုံးနေသည့် အသက်သုံးနှစ်ရှိ မိန်းကလေးငယ်တစ်ဦးကို ချုံပုတ်တစ်နေရာ၌ ရှာဖွေတွေ့ရှိကာ ကယ်ဆယ်နိုင်ခဲ့ခြင်းကြောင့် ဧပြီ ၂၁ ရက်တွင် ရဲတပ်ဖွဲ့က ၎င်းခွေးအား ဂုဏ်ပြုဆုချီးမြှင့်ကြောင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

ကွင်းစလန်ပြည်နယ် ကျေးလက်ဒေသ တစ်ခုရှိ ချုံထူထပ်သောနေရာသို့ လမ်းမှားဝင်ရောက်ရာမှ ပျောက်ဆုံး သွားသည့် အော်ရိုရာအမည်ရှိ အဆိုပါ မိန်းကလေးငယ်ကို အရေးပေါ် ကယ်ဆယ်ရေးဌာနက ဧပြီ ၂ဝ ရက် တွင် လေကြောင်းဖြင့်သော်လည်းကောင်း၊ ခြေကျင်ဖြင့်သော်လည်းကောင်း စတင်ရှာဖွေခဲ့သည်။

မျက်မမြင်နားမကြားသည့် မက်အမည်ရှိ အဆိုပါ ခွေးလိမ္မာသည် တောအတွင်း၌ ၁၅နာရီ ကျော်ကြာပြီး နောက် ကလေးငယ်ကို တွေ့ရှိ ပြီး ကလေးငယ်၏ မိဘများထံသို့ ပြန်လည်မခေါ်ဆောင်သွားမီ မိုးသည်းထန် စွာရွာသည့်တစ်ညတာလုံးတွင် ကလေးငယ်နှင့်အတူ ရှိနေပေးခဲ့သည်။

ကလေးငယ်၏ အဘွား လီဆာသည် အော်ရိုရာ၏ အော်သံကိုကြားခဲ့ရသော်လည်း မက်က ပထမဆုံးရှာဖွေ တွေ့ရှိခြင်းဖြစ်ကြောင်းနှင့်မက်သည် လီဆာကို အော်ရိုရာရှိရာသို့ ဦးဆောင်ကာ ခေါ်ဆောင်သွားကြောင်း လီဆာ၏ မိတ်ဆွေ ကီလီဘန်စတွန်က ပြောသည်။

ကလေးငယ်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့သည့် အဆိုပါ မျက်မမြင်နားမကြား ခွေးလိမ္မာမက်အား ရဲတပ်ဖွဲ့က သူရဲကောင်းဂုဏ်ပြုဆု ချက်ချင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read 148 times Last modified on Sunday, 22 April 2018 12:06