SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်မည်မဟုတ်ဘဲ ဒုက္ခကိုသာ ပိုမိုဖြစ်ပေါ်စေမည့် အမေရိကန် နှင့် မဟာမိတ်များ၏တိုက်ခိုက်မှု

Sunday, 22 April 2018 13:51 font size decrease font size decrease font size increase font size increase font size

အမေရိကန်နှင့် ဥရောပမဟာမိတ်များက ဆီးရီးယားအတွင်း မကြာမီက စတင်လုပ်ဆောင်ခဲ့သည့် လေကြောင်းမှ တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်လျက်ရှိသည်ဟု ကမ္ဘာ့နိုင်ငံ အများ အပြားက ပြစ်တင်ရှုတ်ချလာပြီဖြစ်သည်။ ဆီးရီးယားအစိုးရသည် ပြည်သူများအပေါ် ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်သည်ဟု အထောက်အထားမရှိသော စွပ်စွဲချက်တစ်ခုကို အကြောင်းပြု၍ အမေရိကန် အစိုးရက ဆီးရီးယားအပေါ် လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်။ လေကြောင်းမှ တိုက်ခိုက်ရာတွင် အမေရိကန်အစိုးရနှင့်အတူ ဗြိတိန်နှင့် ပြင်သစ်တို့ပါဝင်လျက်ရှိပြီး တခြားဥရောပ မဟာမိတ်ဂျာမနီက တိုက်ခိုက်ရာတွင် ပါဝင်သေးခြင်းမရှိသော်လည်း ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်က ဆီးရီးယား အစိုးရအား အင်အားသုံးတုံ့ပြန်နေခြင်းကို အားပေးနေသည်။ ဆီးရီးယား၌ ဖြစ်ပွားခဲ့သည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက် မှုသည် အစိုးရ၏ လက်ချက်ဖြစ်ကြောင်း မည်သူတစ်ဦး တစ်ယောက်ကမျှ အတိအကျ သက်သေ အထောက် အထားပြသနိုင်ခြင်းမရှိသော်လည်း အနောက်နိုင်ငံများက ယင်းတိုက်ခိုက်မှုသည် ဆီးရီးယားအစိုးရ၏ လက်ချက်ဖြစ်သည်ဟု တထစ်ချစွပ်စွဲထားခြင်းဖြစ်သည်။

ယင်းစွပ်စွဲချက်ကို ဆီးရီးယားအစိုးရက ငြင်းဆိုထားပြီး အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ စုံစမ်းဖော်ထုတ်ရန် ဓာတုလက်နက် အသုံးပြုမှုတားဆီးရေးအဖွဲ့အား စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပေးရန် အတိ အလင်းတောင်းဆိုထားသည်။ ဓာတုလက်နက်ကို အသုံးပြုသည်ဟု ယူဆရသည့် စွပ်စွဲချက် တစ်ခုတည်းဖြင့် ဆီးရီးယားအပေါ် အင်အားသုံးလက်တုံ့ပြန်ခြင်းသည် ကုလသမဂ္ဂ၏ ဦးတည်ချက်များ၊ စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိဟု လုံခြုံရေးကောင်စီက ထုတ်ပြန်ကာ လေကြောင်းမှ တိုက်ခိုက်ခြင်းကို ငြင်းဆိုထားသည်။ သို့ရာတွင် အနောက်နိုင်ငံများသည် ယင်းအချက်များကို လုံးဝလျစ်လျူရှုကာ လေကြောင်းမှ တိုက်ခိုက် နေခြင်းဖြစ်သည်။ ဆီးရီးယားအပေါ် လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ဆီးရီးယား၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေကိုပါ ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆီးရီးယား၏ အဓိက မဟာ မိတ်နိုင်ငံကြီးများဖြစ်သည့် ရုရှားနှင့် တရုတ်တို့က အစောပိုင်းတွင်ပြောဆိုကာ ထိန်းထိန်းသိမ်းသိမ်းလုပ် ဆောင်ရန် အမေရိကန်အစိုးရထံ တောင်းဆိုခဲ့သည်။ ထို့ပြင် ဆီးရီးယားရှိ အမေရိကန်တပ်များအား တစ်လ အတွင်းပြန်လည် ဆုတ်ခွာခြင်းမပြုပါက ရုရှားနိုင်ငံက ဆိုးဆိုးရွားရွားတုံ့ပြန်မည်ဟု ရုရှားအစိုးရက အစောပိုင်း တွင် ခြိမ်းခြောက်ပြောကြားထားသည်။ ရုရှားသည် ဆီးရီးယားသို့ ပစ်ခတ်လိုက်သည့် အမေရိကန်၏ ဒုံးကျည် တချို့ကိုပင် ကြားမှတားဆီး ပေးခဲ့သည်။


အမေရိကန်တို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်များသည် ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်သိုလှောင်ရုံများကို အဓိကပစ်မှတ်ထားသည်ဟု ဆိုသော်လည်း နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဂျာမနီ အောက်လွှတ်တော်မှ ဥပဒေပညာရှင်များက ပြောဆိုကာ ရှုတ်ချလာပြီဖြစ်သည်။ ထို့ပြင် ဗြိတိန်အနေဖြင့် အမေရိကန်ဦးဆောင်သည့် စစ်ရေးအရ အရေးယူမှုတွင် ပါဝင်ခြင်းသည် လူသားများ ဆက်လက်ဒုက္ခ မခံစားရေး အတွက်လုပ်ဆောင်ရန် တရားဝင်အရသာမက လူ့ကျင့်ဝတ်အရပါ မှန်ကန်မှုရှိသည်ဟု ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက ပြောသည်။ အမေရိကန်နှင့် မဟာမိတ်များက ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများတွင် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင် ရာပေါင်းများစွာ သေဆုံးပြီးဖြစ်သည်။ ထို့ပြင် အရပ်သား၊ ကလေးငယ်များနှင့် အမျိုးသမီး ထောင်ပေါင်းများစွာလည်း အထိတ်တလန့်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် လူသားများဒုက္ခ မခံစားရစေရေးအတွက် နဂိုကတည်းကမှ စစ်သွေးကြွအဖွဲ့ သောင်းခြောက် ထောင်၏ တိုက်ခိုက်မှု၊ ဆီးရီးယားသူပုန်အဖွဲ့များ၏ အာဆတ်အားဖြုတ်ချရေး လက်နက်စွဲကိုင်တိုက်ခိုက်မှု တို့ကြောင့် ပြည်တွင်းစစ်မီး တောက်လောင်နေသည့် နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ ထပ်မံတိုက်ခိုက်ခြင်းသည် လူသားများအား ဘေးအန္တရာယ်မှ အကာအကွယ်ပေးနိုင်မည်မဟုတ်ဘဲ အတိဒုက္ခကိုသာ ပိုမိုဖြစ်ပေါ် စေမည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

Read 120 times Last modified on Sunday, 22 April 2018 13:54