SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုရပ်တန့်လိုက်ပြီးနောက် တိုးတက်ပြောင်းလဲလာဖွယ်ရှိသည့် ကိုရီးယားနှစ် နိုင်ငံကြားဆက်ဆံရေး

Sunday, 22 April 2018 13:54 font size decrease font size decrease font size increase font size increase font size

မြောက်ကိုရီးယား အစိုးရက လုပ်ဆောင်နေသည့် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ရပ်တန့်မည်ဟု ခေါင်းဆောင် ကင်ဂျုံအွန်က ထုတ်ပြန်ကြေညာခြင်းအပေါ် တချို့က လုံလောက်မှုမရှိဟု ဆိုထားသော်လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ချီးမွမ်းပြောကြားလိုက်သည်။ မြောက်ကိုရီးယားခေါင်းဆောင်၏ ကြေညာ ချက်သည် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သော်လည်း အဆုံးသတ်ရည်မှန်းချက်မှာ မြောက်ကိုရီးယား၏ နောက်ပြန်မလှည့် နျူကလီးယားဖျက်သိမ်းရေးပင် ဖြစ်သည်ဟု ပြောကြားထားသည်။ ဂျပန်အစိုးရသည် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်နေသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယင်းကိစ္စရပ်အပေါ် ကိုင်တွယ်ဖြေရှင်းရေးအတွက် အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီး ယား အစိုးရတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် အစောပိုင်းက သဘောတူထားပြီးဖြစ်သည်။ သို့ရာတွင် မြောက် ကိုရီးယားခေါင်းဆောင်၏ ကြေညာချက်သည် ၎င်းတို့၏ တာတိုပစ်နှင့် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု များကိုသာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်သောကြောင့် အဓိပ္ပာယ်မရှိဟု ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီအိုနိုဒေရာ က မကျေမချမ်း ပြောကြားထားသည်။

မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ဧပြီ ၂၁ ရက်မှစ၍ ရပ်ဆိုင်း မည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ လုပ်ဆောင်မှုကိုသက်သေပြရန် နိုင်ငံမြောက်ပိုင်းရှိ နျူကလီးယားစမ်းသပ်  ရေး စခန်းတစ်ခုကိုပါ ပိတ်ပစ်မည်ဟုဆိုသည်။ မြောက်ကိုရီးယားအစိုးရ၏ ကြေညာချက်အပေါ် အမေရိကန်သမ္မတ ထရမ့်ကလည်း ကြိုဆိုလိုက်ပြီး ခေါင်းဆောင်ကင်၏ လုပ်ဆောင်ချက်သည် အကြီး အကျယ် တိုးတက်မှုတစ်ရပ်ဖြစ်သည်ဟု တုံ့ပြန်ပြောကြားလိုက်သည့်အပြင် ကင်နှင့်တွေ့ဆုံဆွေးနွေးမည့် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရေးကို စောင့်စားနေသည်ဟု ဆိုသည်။ မြောက်ကိုရီးယား၏ ကြေညာချက်သည် မကြာမီကျင်းပမည့် တောင်နှင့်မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ခေါင်းဆောင်များကြား အရေးပေါ်ဆက်သွယ်ရေး လိုင်းဖွင့်လှစ်ပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ စင်စစ် မြောက်ကိုရီးယား၏ ကြေညာချက်သည် အဓိကအားဖြင့် တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ကိုရီးယားကျွန်းဆွယ်၌ ၂ဝ၁၇ ခုနှစ်က တင်းမာမှုများသည် အမြင့်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပသည့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်သို့ မြောက်ကိုရီးယား အစိုးရ က ၎င်းတို့၏ အားကစားသမားများကို စေလွှတ်ခဲ့ရာမှစ၍ တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကြား၌ ဆက်ဆံရေး သိသိသာသာတိုးတက်လာသည်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်ကင်တို့သည် ဧပြီ ၂၇ ရက်တွင် ဆွေးနွေးမည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲမှ တစ်ဆင့် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရန် တောင်ကိုရီးယားအစိုးရက ကြိုးပမ်း လုပ်ဆောင်မည်ဟု ဆိုသောကြောင့် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးသည် များစွာ တိုးတက်ပြောင်းလဲလာမည့် အလားအလာများ ထွက်ပေါ်လာဖွယ်ရှိသည်။

Read 174 times Last modified on Sunday, 22 April 2018 13:55