SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆီးရီးယား၌ စစ်သွေးကြွများက လက်နက်ခဲယမ်း ဂိုဒေါင်နှင့် သံချပ်ကာ ယာဉ်များကို အစိုးရ တပ်ဖွဲ့အား လွှဲပြောင်းပေး

Monday, 23 April 2018 12:25 font size decrease font size decrease font size increase font size increase font size

မော်စကို ဧပြီ ၂၂

ဆီးရီးယားနိုင်ငံ၌ စစ်သွေးကြွများက လက်နက်အမျိုးမျိုး အပါအဝင် သံချပ်ကာ ယာဉ်အစီး ၃ဝနှင့် ခဲယမ်း မီးကျောက်များပါရှိသော ဂိုဒေါင်များကို ဆီးရီးယား အစိုးရတပ်ဖွဲ့အား လွှဲပြောင်းပေးအပ်ကြောင်း ရုရှား၏ ဆီးရီးယားရင်ကြားစေ့ရေးဌာနမှ ဗိုလ်ချုပ် ယူရီယတ်တူရှန်ကိုက ဧပြီ ၂၁ ရက်တွင် ပြောသည်။

စစ်သွေးကြွများက ဆီးရီးယားအစိုးရ တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်သည့် လက်နက်များတွင် သံချပ်ကာယာဉ် အစီး ၃ဝ၊ ကြီးမားသော စက်သေနတ်များ တပ်ဆင်ထားသည့် အမိုးပွင့်ယာဉ်သုံးစီး၊ ဗုံးပစ်လောင်ချာများ၊ စိန်ပြောင်းခြောက်လက်၊ ပဲ့ထိန်းဒုံးကျည်သုံးစင်း၊ တာတိုပစ်ဒုံးကျည် ၂၃ စင်း၊ မိုင်း ၁၁၁ လုံး၊ လက်လုပ်ဗုံး ၆ဝ ခန့်နှင့် ခဲယမ်း မီးကျောက် ၆၃ဝဝဝ ကျော်ပါဝင်ကြောင်း ၎င်းကဆက်ပြောသည်။

ယခုအခါ စစ်သွေးကြွများနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ ဒမတ်စကပ်ပြည်နယ်ရှိ အရှေ့ကာလာမန်ဒေသမှ စတင်ထွက်ခွာလျက်ရှိကြောင်း သိရသည်။ ထို့ပြင် အရှေ့ ဂူတာဒေသရှိ ဒူမားမြို့၌ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသည့် နေအိမ် ၁၆ လုံးကို ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရှင်းလင်းခဲ့ပြီး အခြားဖောက်ခွဲရေးပစ္စည်း ၁၂ လုံးကို သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဆီးရီးယား ရင်ကြားစေ့ရေးဌာနက ထုတ်ပြန်ထားသည်။

ယင်းမြို့၌ အပျက်အစီးများကိုရှင်းလင်းပြီး လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင် လျက်ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Read 153 times Last modified on Monday, 23 April 2018 12:31