SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မလေးရှားရှိ ပါလက်စတိုင်း သိပ္ပံပညာရှင် တစ်ဦးကို မော့ဆက် အဖွဲ့က ပစ်သတ်သည်ဟူသော စွပ်စွဲချက် အစ္စရေး ငြင်းဆို

Monday, 23 April 2018 12:34 font size decrease font size decrease font size increase font size increase font size

ဂျေရုဆလင် ဧပြီ ၂၂

မလေးရှားနိုင်ငံရှိ ပါလက်စတိုင်း သိပ္ပံပညာရှင်တစ်ဦးကို အစ္စရေး ထောက်လှမ်းရေး အဖွဲ့ဖြစ်သည့် မော့ဆက် အဖွဲ့က ပစ်သတ်ခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်ကို အစ္စရေး ကာကွယ်ရေးဝန်ကြီး အဗစ်ဒေါလီ ဘာမင်းက ဧပြီ ၂၂ ရက်တွင် ငြင်းဆိုလိုက်သည်။

ဖေဒီအယ်ဘက်အမည်ရှိ အသတ်ခံရသူ ပါလက်စတိုင်း သိပ္ပံပညာရှင်သည် ဒုံးကျည် အထူးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး ၎င်းကို မော့ဆက်အဖွဲ့က သတ်ခြင်းဖြစ်သည်ဟု ဟားမက်အဖွဲ့က စွပ်စွဲထားခြင်းဖြစ်သည်။ ဖေဒီအယ်ဘက်သည် ကွာလာလမ်ပူ တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာ ကထိက တစ်ဦးဖြစ်ပြီး မော်တော် ဆိုင်ကယ် စီးနင်း လာသူနှစ်ဦးက ၎င်းကိုကွာလာလမ်ပူမြို့၌ ဧပြီ ၂၁ ရက်တွင် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ မာဇလန်က ထုတ်ပြန်ထားသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဘက်သည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သို့သော် ၎င်းတို့၏အဖွဲ့ဝင်တစ်ဦးသည် ကွာလာလမ်ပူမြို့၌ လုပ်ကြံခံလိုက်ရကြောင်း၊ မော့ဆက်အဖွဲ့သည် ပါလက်စတိုင်းသိပ္ပံပညာရှင်များကို ယခင်က လုပ်ကြံသတ်ဖြတ် ဖူးသောကြောင့် ယခုဖြစ်ပွားသည့် လုပ်ကြံမှု ၏နောက်ကွယ်တွင် မော့ဆက်အဖွဲ့ရှိနေကြောင်း ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမက် အဖွဲ့ခေါင်းဆောင် အစ္စမေးဟားနီးယေးက စွပ်စွဲထားသည်။ အဆိုပါစွပ်စွဲချက်ကို အစ္စရေးအစိုးရကငြင်းဆို ထားပြီး ဖေဒီအယ်ဘက်သည် ပါလက်စတိုင်း နိုင်ငံသားအချင်းချင်း ဖြစ်ပွားသည့် ပြည် တွင်းရေးအငြင်းပွားမှုကြောင့်သာ အသတ်ခံရဖွယ်ရှိသည်ဟု အဗစ်ဒေါလီဘာမင်းက တုံ့ပြန်ပြောဆိုထားသည်။

ဖေဒီအယ်ဘက်ကို လုပ်ကြံသတ်ဖြတ်သွားသူများမှာ ဥရောပနိုင်ငံသားများဟု ယူဆရပြီး ၎င်းတို့သည် ပြည်ပ ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့နှင့် ဆက်နွှယ်မှုရှိသည်ဟု မလေး ရှား ဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာ မီဒီကပြောကြောင်း သိရသည်။

Read 208 times Last modified on Monday, 23 April 2018 12:37