SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆီးရီးယား အရေး ဖြေရှင်းရာတွင် အကူအညီ ပေးရန် ဂျာမနီက ရုရှားကို တောင်းဆို

Monday, 23 April 2018 12:37 font size decrease font size decrease font size increase font size increase font size

ဘာလင် ဧပြီ ၂၂

ဆီးရီးယားအရေး ဖြေရှင်းရာတွင် အကူအညီပေးရန် ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဟေကိုမက်က ရုရှားအစိုးရကို တောင်းဆိုလိုက်ကြောင်း သိရသည်။

ဆီးရီးယားအရေးသည် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်အား ထောက်ခံနေသည့် ရုရှားနှင့် အနောက် နိုင်ငံများအကြား ဆက်ဆံရေးကို လျော့ပါးစေခဲ့သောကြောင့် ယင်းနိုင်ငံအရေးနှင့် စပ်လျဉ်း၍ ဖြေရှင်းရာတွင် အကူအညီပေးရန် ဟေကိုမက်က တိုရွန်တိုမြို့၌ကျင်းပမည့် စက်မှုထိပ်သီးခုနစ်နိုင်ငံ (G7) ဆွေးနွေးပွဲသို့ ဧပြီ၂၁ ရက်တွင် ထွက်ခွာစဉ် တောင်းဆို လိုက်ခြင်းဖြစ်သည်။

ဆီးရီးယားအစိုးရသည် နိုင်ငံအတွင်း၌ ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဟု အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က စွပ်စွဲကာ ယခုလလယ်တွင် ဆီးရီးယားရှိပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ သို့သော် အဆိုပါ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုသည် ဆီးရီးယားအစိုးရ၏ လက်ချက်မဟုတ်ကြောင်း ရုရှားကငြင်းဆိုနေသောကြောင့် ၎င်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ရုရှားထံမှ အပြုသဘောဆောင်သည့် အကူအညီများ လိုအပ်နေသည်ဟု ဟေကိုမက်က ဆိုသည်။

ရုရှားနိုင်ငံက ဆီးရီးယားနှင့် ယူကရိန်းအရေးတို့တွင် ပါဝင်နေခြင်းကို ဂျာမနီအစိုးရက အပြစ်တင်ဝေဖန်ထားသည်။ မကြာသေးမီက ဆီးရီးယား၌လုပ်ဆောင်သည့် လေကြော င်း တိုက်ခိုက်မှုတွင် ဂျာမနီနိုင်ငံက ပါဝင် ခြင်းမရှိသော်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ တိုက်ခိုက်မှုကို ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာ ကယ်က ထောက် ခံကြောင်း သိရသည်။

Read 191 times Last modified on Monday, 23 April 2018 12:40