SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ တွေ့ဆုံမည်

Monday, 23 April 2018 12:40 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဧပြီ ၂၂

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဝူဟန်မြို့၌ ဧပြီ ၂၇ ရက်နှင့်၂၈ ရက်တို့တွင်တွေ့ဆုံမည်ဖြစ်ကြောင်း တ ရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ဧပြီ ၂၂ ရက်တွင်ထုတ်ပြန်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် နိုင်ငံတော် ကောင်စီဝင် ဝမ်ယီသည် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှာ မာဆွာရတ်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပါ ခေါင်းဆောင်နှစ်ဦး တရားဝင်တွေ့ဆုံမည့် ကြေညာချက် ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းသတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် မိုဒီသည် တရုတ်နှင့်ရုရှားတို့ ဦးဆောင်သော ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း၏ ထိပ်သီး ဆွေးနွေးပွဲတက်ရန်အတွက် ဇွန်လတွင်တရုတ်နိုင်ငံသို့ ထပ် သွားမည်ဖြစ်ကြောင်း သိရသည်။ မကြာ သေးမီနှစ်များအတွင်း နှစ်နိုင်ငံအကြား နယ်စပ်ဒေသ အငြင်းပွားမှု အပါအဝင် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ်နှင့် အိန္ဒိယ တို့အကြား ဆက်ဆံရေးတင်းမာခဲ့သော်လည်း မိုဒီကဆက်ဆံရေးများ ပြန်လည် ကောင်းမွန်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

တရုတ်နှင့်အိန္ဒိယတို့သည် ပြီးခဲ့သည့်နှစ်တွင် နယ်စပ်အငြင်းပွားမှုကြောင့် တစ်ဖက်နှင့်တစ်ဖက် တပ်ဖွဲ့ဝင် များဖြန့်ကြက်ကာ ၇၃ ရက်ကြာသည်အထိ ရှေ့မတိုးနောက်မ ဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

Read 193 times Last modified on Monday, 23 April 2018 12:43