SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲအတွက် တက်တက်ကြွကြွ ပြင်ဆင်နေဟု တောင်ကိုရီးယားဆို

Monday, 23 April 2018 13:51 font size decrease font size decrease font size increase font size increase font size

ဆိုး ဧပြီ ၂၂

မြောက်ကိုရီးယား အစိုးရက ၎င်းတို့၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို ရပ်ဆိုင်းမည်ဟု ကြေညာပြီးနောက် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်နေသည်ဟု တောင်ကိုရီးယား အစိုးရအဖွဲ့မှ အရာရှိများက ဧပြီ ၂၂ ရက်တွင် ပြော သည်။

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နျူကလီးယားနှင့် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုများ လုပ်ဆောင်ရန် မလိုအပ်တော့ဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်သာ အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအွန်က ဧပြီ ၂၁ ရက်တွင် ကြေညာသည်။ ယင်းကြေညာချက်ကို တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားမှ ခေါင်းဆောင်များက ကြိုဆိုကြသည်။

ထို့ပြင် မြောက်ကိုရီးယား အစိုးရ၏ ကြေညာချက်သည် နျူကလီးယား ဖျက်သိမ်းရေးအတွက် အဓိကကျ သည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု သမ္မတ မွန်ဂျေးအင်ကပြောသည်။ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးကိုသာ ယခုရက်သတ္တပတ်အတွင်း အဓိက ပြင်ဆင်သွားမည်ဟု သမ္မတရုံးမှ အရာရှိ တစ်ဦးက ပြောသည်။

အလားတူ တောင်ကိုရီးယားသမ္မတ လုံခြုံရေးအဖွဲ့က စစ်ဘက်မှအရာရှိများ၊ ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်တို့အကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့် ပန်မွန်ဂျုံ ကျေးရွာ၏ လုံခြုံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး တိုင်ပင်လျက်ရှိသည်။

ကင်ဂျုံအွန်နှင့် မွန်ဂျေးအင်တို့သည် ၎င်းတို့အကြား ယခုရက်သတ္တပတ်အတွင်း အသစ်ဖွင့်လှစ်တည်ထောင် လိုက်သည့် ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ် အဖြစ် ဆက်သွယ်စကားပြောရန် မျှော်လင့်ရ ကြောင်းသိရသည်။

Read 193 times Last modified on Monday, 23 April 2018 13:53