SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်နိုင်ငံ၌ နဂါးလှေပြိုင်ပွဲအတွက် လေ့ကျင့်စဉ် လှေနှစ်စင်း တိမ်းမှောက်၊ ၁၇ ဦး သေဆုံး

Monday, 23 April 2018 13:53 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဧပြီ ၂၂

တရုတ်နိုင်ငံ၌ ဧပြီ ၂၂ ရက်တွင် ရိုးရာနဂါးလှေပြိုင်ပွဲအတွက် လေ့ကျင့်စဉ် နဂါးလှေနှစ်စင်း တိမ်းမှောက်ပြီး လှေလှော်သူ ၁၇ ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါလှေတိမ်းမှောက်မှုသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသ၌ ဒူအန်ဝူပွဲတော်ဟု ခေါ်သည့် ရိုးရာနဂါး လှေပြိုင်ပွဲအတွက် လေ့ကျင့်မှုပြုလုပ်စဉ် ဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းပွဲတော်ကို ဇွန်လတွင်ကျင်းပ မည်ဖြစ်ပြီး မြစ်များနှင့် ရေကန်ကြီးများ တစ်လျှောက် လှော်ခတ်မည့် လှေလှော်သမား ဒါဇင်ပေါင်းများစွာ ပါဝင်သော လှေများလည်း ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလေ့ကျင့်မှုတွင် လှေနှစ်စင်းသည် တိုဟွာမြစ်ရှိ ရေလျှံနေသော ရေကာတာကို ဖြတ်ကျော်ရန်ကြိုးစားစဉ် တိမ်းမှောက်သွားပြီး လှေလှော်သမား ၅၇ ဦး ရေထဲသို့ပြုတ်ကျ သွားကြောင်း ကွမ်ရှီးသတင်းဝက်ဆိုက်နှင့် အခြားဝက်ဆိုက်များက ဧပြီ ၂၂ ရက်တွင် ဖော်ပြသည်။ တရုတ်နိုင်ငံတောင်ပိုင်း၌ ကျင်းပသည့် နဂါး လှေပြိုင်ပွဲသည် ထင်ရှားေ ကျာ်ကြားသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ လှေတိမ်းမှောက်ရာတွင် သေဆုံးသူများသည် ကွမ်ရှီးဒေသရှိ ဂူလင်းရွာသားများဖြစ်ကြောင်းနှင့် ပြိုင်ဘက်လှေများကို ရှောင်ရှားစဉ် တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်၏ ရာပေါင်းများစွာနှင့် အခြားကယ်ဆယ်ရေး သမားများသည် လှေတိမ်းမှောက်ရာသို့ ရောက်ရှိလာပြီး ရှာဖွေကယ်ဆယ်မှုပြုလုပ်ရာ လူ ၄ဝ ကို ကယ် ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

Read 213 times Last modified on Monday, 23 April 2018 13:56