SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂျပန်နိုင်ငံ၌ အလုပ်ပိမှုကြောင့် ၁ဝ နှစ်အတွင်း ကျောင်းဆရာ၊ ဆရာမ ၆၃ ဦး သေဆုံး

Monday, 23 April 2018 13:56 font size decrease font size decrease font size increase font size increase font size

တိုကျို ဧပြီ ၂၂

ဂျပန်နိုင်ငံ၌ အလုပ်ပိမှုကြောင့် ၁ဝ နှစ်အတွင်း ကျောင်းဆရာ၊ ဆရာမ ၆၃ ဦး သေဆုံးကြောင်း Mainichi Shimbun သတင်းစာက ဧပြီ ၂၁ ရက်တွင်ထုတ်ပြန်သည်။ ယခု ကဲ့သို့ ထုတ်ပြန်မှုသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

ဂျပန်၌ ဆရာ၊ ဆရာမများ အလုပ်လုပ်ရသည့် အချိန်နှင့် ပတ်သက်၍ နှစ်ကာလရှည်ကြာနေသည့် ပြဿနာ တစ်ခုဖြစ်သော်လည်း အလုပ်ပိမှုကြောင့် သေဆုံးရသည့် ဆရာ၊ ဆရာမများ အရေအတွက်နှင့် ပတ်သက်၍ အစိုးရတွင် စာရင်းဇယားမရှိကြောင်း သိရသည်။

ဂျပန်၌ ကာရိုရှီဟုခေါ်သော အလုပ်ပိမှုကြောင့် သေဆုံးမှုဖြစ်ရပ်များက သတင်းခေါင်းစဉ်အဖြစ် မကြာခဏ ဖော်ပြခံရပြီး နိုင်ငံ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အချိန်ပို ဆင်းခြင်း ယဉ်ကျေးမှုကို မီးမောင်းထိုးပြ နေကြောင်း သိရသည်။ ယခုထုတ်ပြန်သည့် အလုပ်ပိမှုကြောင့် သေဆုံးရသော ကျောင်းဆရာ၊ ဆရာမအရေ အတွက်ကို ဂျပန်နိုင်ငံရှိ စီရင်စု ၄၇ ခုနှင့် မြို့၂ဝ ခန့်ရှိ ရုံးခွဲများမှ လက်ခံရရှိသည့် ဒေသတွင်းအစိုးရ အလုပ်သမားများ မတော်တဆမှု လျော်ကြေး ရန်ပုံငွေအဖွဲ့က ပေးပို့ထားသော သတင်း အချက် အလက်များမှတစ်ဆင့် ရရှိခြင်းဖြစ်ကြောင်း အဆိုပါသတင်းစာက ထုတ်ပြန်ထားသည်။

ယင်းအချက်အလက်များတွင် အလုပ်ပိမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုယ့်ကိုယ် ကိုယ်သတ်သေမှု သို့မဟုတ် ဦးနှောက် သို့မဟုတ် ကျန်း မာရေး အခြေအနေများကြောင့် သေဆုံး ခဲ့သောကျောင်းဆရာ၊ ဆရာမများနှင့် ဒေသတွင်း ပညာရေး ဝန်ထမ်းများ၏ သေဆုံးမှု မပါဝင်ကြောင်း သိရသည်။

Read 178 times Last modified on Monday, 23 April 2018 13:59