SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဒူတာတေက ကွန်မြူနစ် သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အချိန်ကာလရက် ၆ဝ ကြာ သတ်မှတ်

Monday, 23 April 2018 13:59 font size decrease font size decrease font size increase font size increase font size

မနီလာ ဧပြီ ၂၂

ဖိလစ်ပိုင်အစိုးရအနေဖြင့် ကွန်မြူနစ် သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အချိန် ကာလရက် ၆ဝ ကြာ သတ်မှတ်ထားကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီ ဂိုဒူတာတေက ဧပြီ ၂၁ ရက်တွင် ကြေညာပြီး ပြည်နှင်ဒဏ်ပေးခံရသော သူပုန်ခေါင်းဆောင်ကို နိုင်ငံသို့ပြန်လာရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ပြည်သူ့ တပ်မတော်သစ်(NPA)နှင့် ဖိလစ်ပိုင် အစိုးရတို့အကြား ပဋိပက္ခများသည် နှစ်ပေါင်း ၅ဝ ကျော်ကြာမြင့်နေပြီး ယင်းပဋိ ပက္ခများကြောင့် ပြည်သူ ၄ဝဝဝဝ ကျော်သေဆုံးကြောင်း သိရသည်။

ဒူတာတေသည် သူပုန်များက လိမ်လည်လှည့်ဖြားသည်ဟု ယူဆသည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲများ ပြန်လည် စတင်ရေး အတွက် နော်ဝေ သံတမန် တစ်ဦးက ဒူတာတေကို ဖေဖော်ဝါရီလတွင်တွေ့ဆုံကာ တိုက်တွန်းကြောင်း သိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန်အတွက် အပစ် အခတ်ရပ်စဲရေး ပြုလုပ်ရန် ၎င်း၏ အစိုးရအဖွဲ့ကို ဒူတာတေက ယခုလ အစောပိုင်းတွင် ညွှန်ကြားထားသော်လည်း သူပုန်များက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကြိုတင် သတ်မှတ်ချက်များ ကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင် ကွန်မြူနစ်ပါတီမှ ခေါင်းဆောင် ဟိုဆေးမာရီယာဆစ်ဆွန်ကို ၁၉၈ဝ ပြည့်လွန် နှစ်နှောင်းပိုင်းတွင် အကျဉ်းထောင်မှ လွှတ်ပေးကာ နယ်သာလန်နိုင်ငံသို့ ပြည်နှင် ဒဏ်ပေးခဲ့ကြောင်း သိရသည်။ ဒူတာတေက ယခုအခါ ဆစ်ဆွန်နှင့်စကားပြောမည် ဖြစ်ကြောင်းနှင့် ၎င်း၏အခြေခံ အကျဆုံးသော တာဝန်မှာ ဖိလစ်ပိုင် နိုင်ငံငြိမ်း ချမ်းစေေ ရးသာ ဖြစ်ကြောင်း ပြောသည်ဟု သိရသည်။

Read 165 times Last modified on Monday, 23 April 2018 14:00