SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂရိနိုင်ငံ လက်စဘော့ကျွန်း၌ ဒေသခံများနှင့် ခိုလှုံခွင့် တောင်းခံသူများ အကြား ပဋိပက္ခ ဖြစ်ပွား

Tuesday, 24 April 2018 10:12 font size decrease font size decrease font size increase font size increase font size

အေသင် ဧပြီ ၂၃

ဂရိနိုင်ငံ လက်စဘော့ကျွန်း၌ ဧပြီ ၂၂ ရက်တွင် ဒေသခံများနှင့်ခိုလှုံခွင့် တောင်းခံသူများအကြား ပဋိပက္ခများ ဖြစ်ပွားကြောင်း သိရသည်။ နိုင်ငံအတွင်းခိုလှုံခွင့်ရရန် ကျွန်း၏ ပင်လယ်ကမ်းခြေ တစ်လျှောက်၌ ရက်ပေါင်း များစွာ ကြာတောင်းဆိုနေသည့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သား ၂ဝဝ ခန့်ကို ဒေသခံများက ကန့်ကွက် နေခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကဆိုသည်။ ခိုလှုံခွင့်ရရန် တောင်းခံသူများကလည်း ခိုလှုံခွင့် လျှောက်ထားရန်နှောင့်နှေးမှုဖြင့် ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ရဲတပ်ဖွဲ့သည် အမှိုက်ပုံကိုမီးရှို့၍ ဆန္ဒပြ သည့် လူအုပ်ကြီးကို လူစုခွဲခဲ့ရကြောင်း သတင်းဝက်ဆိုက်တစ်ခုတွင် ဖော်ပြထားသော ဗီဒီယိုဖိုင်၌ တွေ့ရသည်။

အဆိုပါ ပဋိပက္ခသည် ဧပြီ ၂၂ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပွားပြီး ဧပြီ ၂၃ ရက် အစောပိုင်းထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ဆန္ဒပြ သူအများစုမှာ လက်ယာယိမ်းပါတီကို ထောက်ခံသူများဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြသည်။ အဆိုပါဆန္ဒပြပွဲသည် အလိုအလျောက် ဖြစ်ပွားသော တုံ့ပြန်မှုဖြစ်ကြော င်း၊ သို့သော် နိုင်ငံရေး သဘောထားများလည်း ပါဝင်နိုင်ကြောင်း လက်စဘော့ ကျွန်းမှ မြို့တော်ဝန် ဆပီရော့ဂါလီနော့က ဆိုသည်။

လက်စဘော့ကျွန်းသည် ဥရောပသို့ တစ်ဆင့်သွားနိုင်သည့် အဓိကဝင်ပေါက်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်မှစတင်၍ ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည်တစ်သန်းခန့် ဖြတ်သန်း ဝင်ရောက်ခဲ့ကြသည်။ ၂ဝ၁၆ ခုနှစ်တွင် ဥရောပ သမဂ္ဂနှင့်တူရကီနိုင်ငံတို့ သဘောတူ စာချုပ်ချုပ်ဆိုပြီး ကတည်းက လက်စဘော့ကျွန်းသို့ ရွှေ့ပြောင်းဒုက္ခ သည်ဝင်ရောက်မှု ပိုမိုများပြားလာကြောင်း သိရသည်။

Read 240 times Last modified on Tuesday, 24 April 2018 10:16