SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပဲရစ်တိုက်ခိုက်မှုမှ သံသယရှိသူကို ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်မှုဖြင့် ဘယ်ဂျီယံ တရားရုံးက ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်

Tuesday, 24 April 2018 10:16 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ ဧပြီ ၂၃

၂ဝ၁၅ ခုနှစ်တွင်ဖြစ်ပွားသော ပဲရစ်တိုက်ခိုက်မှု၌ နောက်ဆုံးအသက်ရှင် ကျန်ရစ်သော အဓိကသံသယရှိသူ အကြမ်းဖက်သမား ဆာလာအဗ္ဗဒီဆလမ်ကို ၂ဝ၁၆ ခုနှစ်တွင် ဘရပ်ဆဲမြို့၌ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်မှုဖြင့် ဘယ်ဂျီယံတရားရုံးက ဧပြီ ၂၃ ရက်တွင် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ကြောင်း သိရသည်။

ထို့ပြင် ဆာလာအဗ္ဗဒီဆလမ်နှင့်အတူ အကြမ်းဖက် တိုက်ခိုက်မှု၌ပါဝင်သော ဆိုဖီယန်အေယာရီကိုလည်း ထောင်ဒဏ်အနှစ်၂ဝ ချမှတ်သည်။ ဆာလာအဗ္ဗဒီဆလမ်ကို ၂ဝ၁၆ ခုနှစ် မတ်လတွင် ဘရပ်ဆဲမြို့၌ ဖြစ်ပွားသောပစ်ခတ်မှုနှင့် ပတ်သက်၍ လူသတ်ရန် ကြိုးပမ်းမှုဖြင့် အစိုးရရှေ့နေများက တရားစွဲဆိုထားပြီး ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ရန် လည်း တောင်းဆိုထားသည်။

အစိုးရရှေ့နေများသည် ဖေဖော်ဝါရီလတွင် အဗ္ဗဒီဆလမ်နှင့် အေယာရီတို့ကို တရားစစ်ဆေးရာ ၎င်းတို့ နှစ်ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်နွှယ်နေသော လူ သတ်မှု၊ တားမြစ်ထားသော လက်နက် များပိုင်ဆိုင်မှု စသည့်ပြစ်မှုများအတွက် အပြစ်ရှိကြောင်း ထင်ရှားပါက ၎င်းတို့ကို ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ရန် တရားသူကြီးထံသို့ တောင်းဆိုခဲ့သည်။ အဗ္ဗဒီဆလမ်သည် ယခုအခါ လူ ၁၃ဝ သေဆုံးသော ပဲရစ်မြို့တိုက်ခိုက်ခံရမှုဖြင့် စစ်ဆေးမှုခံယူရန် ပြင်သစ်နိုင်ငံ၌ အကျဉ်းချခံထားရသည်။ ပြင်သစ်နိုင်ငံ က အသက် ၂၈နှစ်ရှိ အဗ္ဗဒီဆလမ်နှင့် တူနီးရှားနိုင်ငံသား အေယာရီတို့ကို လုံခြုံရေးတင်းကျပ်စွာ ချထားသော ရ ဟတ်ယာဉ်ဖြင့် ဘယ်ဂျီယံတရားရုံးသို့ ပို့ဆောင်ခဲ့သည်။

အဗ္ဗဒီဆလမ်သည် ပထမဆုံးတရားစစ်ဆေးသည့် နေ့မှာပင် IS စစ်သွေးကြွ အဖွဲ့အပေါ်ထားရှိသည့် ၎င်း၏ ယုံကြည်ချက်ကို အခိုင်အမာပြောဆိုပြီး ကျန်ရှိသည့်ရုံးချိန်းသို့ တက်ရန်ငြင်းဆိုခဲ့သည်။

Read 220 times Last modified on Tuesday, 24 April 2018 10:22