SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အီရန်နျူကလီးယား သဘောတူ စာချုပ်ကို ဖျက်ဆီးမည့် အမေရိကန်၏ အစီအစဉ်ကို ကြိုးပမ်းတားမြစ်ရန် တရုတ်နှင့် ရုရှား သဘောတူ

Tuesday, 24 April 2018 10:22 font size decrease font size decrease font size increase font size increase font size

မော်စကို ဧပြီ ၂၃

အီရန်နျူကလီးယား သဘောတူစာချုပ်ကို ဖျက်ဆီးမည့် အမေရိကန်အစိုးရ၏ အစီအစဉ်ကို ကြိုးပမ်းတားမြစ်ရန် တရုတ်နှင့်ရုရှားတို့က သဘောတူလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဧပြီ ၂၃ ရက်တွင်ပြောသည်။ တရုတ်နှင့် ရုရှားတို့ အနေဖြင့် အီရန်နျူကလီးယား သဘောတူ စာချုပ်ပါ အချက်များ ပြင်ဆင်ရေးကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် အီရန်နိုင်ငံတို့တွေ့ဆုံဆွေးနွေးပြီး ချမှတ်နိုင်ခဲ့သည့် နျူကလီးယား သဘောတူ စာချုပ်ကို ဖျက် ဆီးခြင်းသည် ဆိုးရွားသော အကျိုးရလဒ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း ယုံကြည်သည်ဟု လက်ရော့က ပြောကြောင်း TASS သတင်းဌာနက ဖော်ပြသည်။ ၎င်း၏ပြောဆိုချက်များ သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ဆုံးဖြတ်ချက်ဖြင့် ထိန်းသိမ်းထားသည့် အီရန်နျူကလီးယား သဘောတူစာချုပ်ပျက်စီးမည့် အရေးကို တရုတ်နှင့် ရုရှားတို့က ဟန့်တားရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ အမေရိကန်ပြည်ထောင်စုသည် မေလတွင် အီရန်နျူကလီးယား သဘောတူစာချုပ်မှ နှုတ်ထွက်ရန် အသင့်ရှိသည်ဟု အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ သဘောတူစာချုပ်သည် အမေရိကန်အစိုးရ ပါဝင်လက်မှတ်ထိုးခဲ့သည့် သဘောတူညီချက်များ အနက် အဆိုးရွားဆုံး သဘောတူညီချက် ဖြစ်သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောပြီး ယင်းသဘောတူစာချုပ်မှနုတ်ထွက်မည်ဟု အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

Read 210 times Last modified on Tuesday, 24 April 2018 10:25