SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တောင်ကိုရီးယားက မြောက်ကိုရီးယားသို့ ဝါဒဖြန့်သည့် အသံချဲ့စက်များကို ပိတ်သိမ်း

Tuesday, 24 April 2018 10:25 font size decrease font size decrease font size increase font size increase font size

ဆိုး ဧပြီ ၂၃

ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များကြား ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ တောင်ကိုရီးယားက မြောက် ကိုရီးယားသို့ ဝါဒဖြန့်ချိသည့် နှစ်နိုင်ငံနယ်စပ်ရှိ အသံချဲ့စက်များကို ဧပြီ ၂၃ ရက်တွင် ပိတ်သိမ်းလိုက်သည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှ တာဝန်ရှိသူများသည် ယခုအခါ မကြာမီ ကျင်းပမည့် ထိပ်သီး ဆွေးနွေးပွဲအတွက် နောက် ဆုံးပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး ထားသည့် ပန်မွန်ဂျုံကျေးရွာ၌ ဧပြီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့ လုပ်ဆောင် နေသည့် နျူက လီးယားနှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ရပ်ဆိုင်းမည့်အပြင် နျူကလီးယား စမ်းသပ်ရေး စခန်း တစ်ခုကိုပါပိတ်သိမ်းပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကိုသာ လုပ်ဆောင် မည်ဟု ကြေညာထားသည်။ မြောက်ကိုရီးယား အစိုးရ၏ ဆုံးဖြတ်ချက်သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား လုံးဝကင်းမဲ့စေရေးအတွက် ထူးခြားသည့် ဆုံးဖြတ် ချက်ဖြစ်ကြောင်း၊ ယင်းနိုင်ငံအနေဖြင့် နျူကလီးယားကင်းမဲ့ရေး လမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းမည်ဆိုပါက မြောက်ကိုရီးယားပြည်သူများအတွက် ပိုမိုတောက်ပကောင်း မွန်သည့် အနာဂတ်ကို အာမခံပေးနိုင်မည် ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ထားသည်။

Read 296 times Last modified on Tuesday, 24 April 2018 10:29