SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော မကြာမီ ပင်လယ်ပြင်အတွင်း စမ်းသပ် မောင်းနှင်ဖွယ် ရှိ

Tuesday, 24 April 2018 10:29 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဧပြီ ၂၃

တရုတ်နိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘော ဓာတ်ပုံများသည် ဧပြီ ၂၃ ရက်တွင် အင်တာနက်ပေါ်၌ ပျံ့နှံ့လာပြီးနောက် ယင်းသင်္ဘောကို မကြာမီ ပင်လယ်ပြင်အတွင်း စမ်းသပ်မောင်းနှင်ဖွယ် ရှိကြောင်း သိရသည်။

အမည်ပေးထားခြင်း မရှိသေးသည့် အဆိုပါ လေယာဉ်တင် သင်္ဘောသည် ဧပြီ ၂၃ ရက်တွင် နိုင်ငံမြောက် ပိုင်းရှိ တလျန်ဆိပ်ကမ်းမှ ထွက်ခွာလာသော ဓာတ်ပုံများကို မြင်ေ တွ့ရသည်။ တရုတ်နိုင်ငံသည် ယင်းသ င်္ဘောကို ပြီးခဲ့သည့်နှစ်ကတည်းက စတင်တည်ဆောက်ခြင်းဖြစ်ပြီး လက်နက်စနစ်များနှင့် အခြားစနစ်များကို တပ်ဆင်နေခြင်းဖြစ် သည်။

အဆိုပါ လေယာဉ်တင် သင်္ဘောကြီး၏ ဓာတ်ပုံများကို Sina သတင်းဝက်ဆိုက် အပါအဝင် အခြားအင်တာနက် ဝက်ဆိုက်များက ဖော်ပြထားသည်။ သို့သော် လေယာဉ်တင် သင်္ဘောသည် ဆိပ်ကမ်းမှ မည် သည့်နေရာသို့ မောင်းနှင်ထွက်ခွာသွားသည်ကို မသိရသေးပေ။ ယင်းသင်္ဘောသည် ပင်လယ်ပြင် စမ်းသပ် မောင်းနှင်ရေးအတွက် ပြင် ဆင်နေခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများ ထွက်ပေါ်လာသော်လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက မည်သည့်မှတ်ချက်မျှ ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရ သည်။

တရုတ်နိုင်ငံ၏ လေယာဉ်တင် သင်္ဘောတည်ဆောက်ရေး အစီအစဉ်သည် နိုင်ငံတော်အဆင့် လျှို့ဝှက် သတင်းအဖြစ် သတ်မှတ်ထားပြီး နိုင်ငံ၏ ဒုတိယမြောက် လေယာဉ် တင် သင်္ဘောတစ်စင်းကို ၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ ရေချမည်မဟုတ်ဟု နိုင်ငံပိုင်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။ အသစ် တည်ဆောက်နေသည့် လေယာဉ်တင် သင်္ဘောကြီးသည် ပြည်တွင်းဖြစ် J-15 တိုက်လေယာဉ်များကို တင်ဆောင်နိုင်မည် ဖြစ်သည်။ တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)နှင့် တင်းမာမှုများ ဖြစ်ပေါ်နေစဉ် နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော လက်နက်တပ်ဆင်ရေး အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 320 times Last modified on Tuesday, 24 April 2018 10:34