SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်နှင့် အမေရိကန်က ကုန်သွယ်ရေး စစ်ပွဲအတွင်း ပိတ်မိနေစဉ် အီရန်၏ LNG တင်ပို့မှု မြင့်တက်

Friday, 27 April 2018 11:43 font size decrease font size decrease font size increase font size increase font size

တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့က ကုန်သွယ်ရေးစစ်ပွဲ အတွင်း ပိတ်မိနေစဉ် အီရန်၏ သဘာဝ ဓာတ်ငွေ့ရည် (LNG) တင်ပို့မှု မြင့်တက်လာသည်။ လက်ရှိတွင် အီရန်ကနိုင်ငံအတွင်းမှ ထွက်ရှိသည့် LNG ကို နိုင်ငံတကာဈေးကွက်သို့တင်ပို့နိုင်ရန် အာရုံစိုက်လုပ်ဆောင်နေသည်။ ယခုနှစ်ဧပြီလအတွင်း အီရန်က ပြည်ပသို့ တင်ပို့သည့် LNG ပမာဏမှာ မက်ထရစ်တန်ချိန် ငါးသိန်းအထိမြင့်တက်လာသည်။

အဆိုပါပမာဏသည် ပြီးခဲ့သည့်လက တင်ပို့သည့်ပမာဏနှင့် နှိုင်းယှဉ်ပါလျှင် ၁၄ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ပြီး ယခုတစ်နှစ်လုံးတွင် အီရန်မှတင်ပို့သည့် LNG ပမာဏ သည် မက်ထရစ်တန်ပေါင်း ၁ ဒသမ ၈၆ သန်းအထိ မြင့်တက်လာနိုင်သည်။ ယခုနှစ်ဧပြီလအတွင်း တင်ပို့သည့် LNG အများစုသည် တရုတ်နိုင်ငံပိုင် အိုရီယန်တယ်စွမ်းအင် ကုမ္ပဏီ (OE) သို့ တင်ပို့ခြင်းဖြစ်သည်။

OE ကုမ္ပဏီသည် လက်ရှိတွင် LNG စာချုပ်စာတမ်းအငြင်းပွားမှု တစ်ခုကြောင့် မာဘာနက် ကုမ္ပဏီအား နစ်နာကြေးအဖြစ် ဒေါ်လာ ၅၂၃ ဒသမ ၈ သန်းပေးရန် အမေရိကန် ပြည်ထောင်စု တက္ကဆက်ခရိုင် တရားရုံး၏ အမိန့်ချမှတ်ခြင်း ခံထားရသည်။ ယင်းသို့ အမိန့်ချမှတ်ခံရခြင်းကို တုံ့ပြန်သည့် အနေဖြင့် အမေရိ ကန်ပြည်ထောင်စုမှ နိုင်ငံအ တွင်းသို့ တင်သွင်းနေသည့် ပရိုပိန်းဓာတ်ငွေ့အပေါ် တင်သွင်းခွန် ၂၅ ရာခိုင်နှုန်း အထိတိုးမြှင့်ရန် တရုတ်အစိုးရက စီစဉ်နေသည်။ ထိုသို့ အခွန်တိုးမြှင့်မည် ဆိုပါက တ ရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်တင်သွင်းမှုအတွက် အီရန်အပါအဝင် အရှေ့အလယ်ပိုင်း ဒေသအပေါ် အဓိက အာရုံစိုက်လာမည်ဖြစ် သည်။ အီရန်သည် ၎င်းတို့၏ LNG ကို ထိုင်း၊ အိန္ဒိယ၊ ကင်ညာစသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။

Read 190 times Last modified on Friday, 27 April 2018 11:47