SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နစ်ဆန်းက ငါးနှစ်အတွင်း လျှပ်စစ်ကား မော်ဒယ် အသစ်အမျိုး ၂ဝ ကို တရုတ်နိုင်ငံ၌ ထုတ်လုပ်မည်

Friday, 27 April 2018 11:47 font size decrease font size decrease font size increase font size increase font size

ကမ္ဘာကျော် ဂျပန်မော်တော်ကား ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် နစ်ဆန်းကုမ္ပဏီသည် ၎င်းတို့၏ လျှပ်စစ်ကား မော်ဒယ်အသစ်အမျိုး၂ဝ ကို လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံ၌ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

နစ်ဆန်းကားကုမ္ပဏီသည် အဆိုပါ ကြေညာချက်ကို တရုတ်နိုင်ငံပေကျင်းမြို့၌ ကျင်းပနေသည့် ပေကျင်း နိုင်ငံတကာ မော်တော်ကား ပြပွဲအခမ်းအနားတွင် ထုတ်ပြန်ခြင်းဖြစ် သည်။ နစ်ဆန်းကုမ္ပဏီသည် တရုတ်နိုင်ငံ၌ လျှပ်စစ်မော်တော်ကား ခေတ်သစ်တစ်ခုဖွင့်လှစ်ရန် စီစဉ်နေပြီး ၎င်းတို့ထုတ်လုပ်မည့် မော်တော်ကားများ ကို မောင်းနှင်စီးနင်းမည့် သူများအား ပိုမိုဘေးအန္တရာယ်ကင်းရှင်းပြီး တည်ငြိမ်မှုရှိစေမည့် အတွေ့အကြုံအ သစ်များပေးစွမ်းနိုင်စေရန် လုပ်ဆောင်သွားမည်ဟု နစ်ဆန်းကုမ္ပဏီ၏ တရုတ်နိုင်ငံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဟိုဆေးမွန်နော့က ပြောသည်။

တစ်ချိန်တည်းမှာပင် နစ်ဆန်းကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်းရှိ လျှပ်စစ်မော်တော်ကားများ ထုတ်လုပ်နေသည့် ကုမ္ပဏီများဖြစ်သော ဗနျူးရှား၊ အင်ဖနီတီ၊ တုန်းဖုန်ကုမ္ပဏီ တို့နှင့် ယှဉ်ပြိုင်ကာ ထိပ်ဆုံးမှရပ်တည်နိုင် သည့် မော်တော်ကားကုမ္ပဏီကြီး တစ်ခုဖြစ်လာစေရန် ရည်မှန်းထားသည်။ ထို့ကြောင့် လာမည့်ငါးနှစ်အတွင်း ထုတ်လုပ်ရန်စီစဉ် ထားသည့် လျှပ်စစ်ကားမော်ဒယ် အသစ်များကို နစ်ဆန်းကုမ္ပဏီက တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၌ ထုတ်လုပ်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

နစ်ဆန်းကုမ္ပဏီသည် ၎င်းတို့၏ပထမဆုံး တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားကို တရုတ်ပြည်သူများ အတွက် ရည်ရွယ်ကာ မော်တော်ကားပြပွဲ၌ ထုတ်ဖော်ပြသထားသည်။ Nissan Sylphy ZE 2018 မော်ဒယ် အမျိုးအ စားဖြစ်သည့် အဆိုပါကားသည် တစ်ကြိမ်အားသွင်းထားလျှင် ၂၂၈ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး ယင်းကားကို ယခုနှစ်ဒုတိ ယနှစ်ဝက်မှစတင်ကာ ရောင်းချသွားမည် ဖြစ်သည်။

Read 255 times Last modified on Friday, 27 April 2018 11:48