SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိလစ်ပိုင် အစိုးရ၏ ကမ်းလှမ်း ချက်ကို ကွန်မြူနစ် သူပုန် အဖွဲ့က မည်သို့ တုံ့ပြန် မည်လဲ

Saturday, 28 April 2018 08:10 font size decrease font size decrease font size increase font size increase font size

ဇေယျဘုန်း

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေသည် နိုင်ငံအတွင်း ဖြစ်ပေါ် နေသည့် လက်နက်ကိုင် ပဋိ ပက္ခများကို အဆုံးသတ် နိုင်စေရေး အတွက် အဓိက သူပုန် အဖွဲ့ကြီး တစ်ဖွဲ့ ဖြစ်သည့် ကွန်မြူ နစ် သူပုန် အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ပြန်လည် စတင်ရန် ကြိုးပမ်း လျက် ရှိသည်။ ၎င်း၏ ကြိုးပမ်းချက် တစ်ရပ် အနေဖြင့် ဖိလစ်ပိုင် ကွန်မြူနစ် ပါတီကို တည်ထောင် ခဲ့သည့် ဟိုဆေး မာရီယာ ဆီဆွန်အား အမိ နိုင်ငံသို့ ပြန်လာပြီး ရက်ပေါင်း ၆ဝ အတွင်း အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများ ပြန်လည် လုပ်ဆောင်ရန် သမ္မတ ဒူတာတေက တောင်းဆို ထား သည်။ ဒူတာတေသည် အဆိုပါ ကမ်းလှမ်း ချက်ကို ဧပြီ ၂၁ ရက်က ကျင်းပ သည့် (၂၄ )ကြိမ် မြောက် ဖိလစ်ပိုင် အမျိုးသား မော်တော် ဆိုင်ကယ် အသင်းများ အဖွဲ့ချုပ်၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် ဆွေးနွေး ပွဲ၌ ထုတ်ဖော် ကြေညာ လိုက်ခြင်း ဖြစ်သည်။

ဆီဆွန်သည် ၁၉၈၆ ခုနှစ်က ယခင် သမ္မတဟောင်း ဖာဒီနန် မားကို့စ်၏ ဆယ်စုနှစ် နှစ်စုကြာ အုပ်ချုပ် ခဲ့သည့် အစိုးရ ပြုတ်ကျ ပြီးနောက် အမိနိုင်ငံမှ ထွက်ခွာကာ ဥရောပရှိ နယ်သာလန် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဖိလစ်ပိုင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုများ ပြန်လည် စတင်ရန် အသင့် ရှိသည်ဟု ဆီဆွန်က မကြာမီ ထုတ်ဖော် ပြော ကြား ထားသည်။ ဆီဆွန်က ထိုသို့ ပြောကြား ထားသော်လည်း ကွန်မြူနစ် ပါတီ လက်နက် ကိုင် တပ်ဖွဲ့ ဖြစ်သည့် ပြည်သူ့ တပ်ဖွဲ့သစ် (NPA)က အစိုးရ တပ်ဖွဲ့ များနှင့် အရပ်သားများ အပေါ် တိုက်ခိုက်ခြင်း၊ စီးပွားရေး လုပ်ငန်းများ ထံမှ ခြိမ်းခြောက် ငွေညှစ် ခြင်းများ လုပ်ဆောင် ခဲ့ပြီး နောက် ဆီဆွန်၏ ငြိမ်းချမ်းရေး ဆွေးနွေး လိုသည် ဟူသော အဆို ပြုချက်ကို သမ္မတ ဒူတာတေက ပြီးခဲ့ သည့်နှစ် နိုဝင်ဘာလ အတွင်းက ဖျက်သိမ်း ပစ်လိုက် သည်။သို့သော် ယခု အခါ ဒူတာတေက ဆီဆွန်၏ တောင်းဆို ချက်ကို တုံ့ပြန်သည့် အနေဖြင့် ၎င်း၏ ရပ်တည်ချက် သဘော ထားကို ပြောင်းလဲ ကာ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြန်လည် စတင်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည် ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့် ဒူတာတေ ဦးဆောင်သည့် အစိုးရ အနေဖြင့် ကွန်မြူနစ် သူပုန် ခေါင်းဆောင် များကို အခွင့်အရေး တစ်ရပ် ထပ်မံ ပေးအပ်ရန် အသင့် ရှိသည်ဟု ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ကွန်မြူနစ် ပါတီမှ အမျိုးသား ဒီမို ကရက် တစ် တပ်ဦး CPP-NPA အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေး မှုကို ပြန်လည် စတင် လိုပါက ကုန်ကျစရိတ်၊ ယာယီနေရာ ထိုင်ခင်းနှင့် အစားအသောက် များကို ဖိလစ်ပိုင် အစိုး ရက ပံ့ပိုး ကူညီ ပေးမည် ဖြစ်ပြီး သူပုန် အဖွဲ့များ အနေဖြင့် တစ်နေရာ တည်းတွင် စခန်း ချနိုင် ရန် စီစဉ် ပေးမည်ဟု ဒူတာတေက ဆိုထား သည်။ အလားတူ သူပုန် တပ်ဖွဲ့များ အနေဖြင့် ၎င်းတို့၏ လက်နက် များကို စခန်း အတွင်းသို့ သယ်ဆောင် လာနိုင်သည့် အပြင် စခန်း၏ ပြင်ပသို့ သွားရောက် လိုပါက လက်နက် မပါဘဲ သွားလာ နိုင်သည်ဟု ၎င်းက ထပ်လောင်း ပြောကြား ထားသည်ကို တွေ့ရသည်။

ယင်း ကမ်းလှမ်းချက်သည် ဖိလစ်ပိုင် အစိုးရ၏ ရက်ရောမှု အရှိဆုံးသော ကမ်းလှမ်းချက် တစ် ရပ် ဖြစ်သည်။ အလားတူ အစိုးရ အနေဖြင့် ကွန်မြူနစ် ခေါင်းဆောင် ဆီဆွန်အား လွတ်လပ် စွာ လှုပ်ရှား သွားလာခွင့် ပြုမည့် အပြင် ၎င်းအား ကောင်းမွန်စွာ ဆက်ဆံရန် ရဲတပ်ဖွဲ့နှင့် စစ်ဘက် ကိုပါ အမိန့် ပေးထားမည် ဖြစ်ကြောင်း ဒူတာတေက ဆိုထား သည်။ ဖိလစ်ပိုင် နိုင်ငံ အတွင်း မှ ၃၁နှစ်ကြာ ထွက်ခွာ သွားသည့် ဖိလစ်ပိုင် ကွန်မြူနစ် ပါတီ တည်ထောင်သူ နှင့် ဥက္ကဋ္ဌလည်း ဖြစ်သူ ဆီဆွန် အနေဖြင့် မပြီးဆုံး သေးသည့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး ရေး အတွက် အမိနိုင်ငံသို့ ပြန်လာရန် အသင့် ရှိနေ သော်လည်း စိုးရိမ်မကင်း ဖြစ်နေသည့် အခြေအနေတွင် ရှိနေ သည်ဟု ဆိုနိုင် သည်။ ၎င်း စိုးရိမ်မကင်း ဖြစ်နေသည့် အချက် တစ်ချက် မှာ အမျိုးသား ဒီမိုကရက် တစ်တပ်ဦး (NPA) နှင့် အစိုးရ တို့ကြား ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအား ဖျက်လိုဖျက်ဆီး လုပ်ဆောင် လိုသူများ၏ အန္တရာယ် ပေးမှုပင် ဖြစ်သည်။ အဆိုပါ ဖျက်လို ဖျက်ဆီး လုပ်ဆောင် လိုသည့် အနှောင့်အယှက် ပြုသူများ၏ အနရ္တာယ် ပြုခြင်းကို အစိုးရက အကာအကွယ် ပေးမည် ဟူသော အာမခံချက် ရရှိရန် ဆီဆွန် က ဆန္ဒ ရှိနေ သည်။ ၎င်း အနေဖြင့် နယ်သာလန်၌ နေထိုင်ခြင်းကို အဆုံးသတ်၍ ဖိလစ်ပိုင် သမ္မတ ဒူတာတေ၏ ဖိတ်ကြား ချက်ကို လက်ခံကာ အစိုးရနှင့် ငြိမ်းချမ်းရေး တိုက်ရိုက် ဆွေး နွေးရန် အမိ နိုင်ငံသို့ ပြန်မည် ဖြစ်ကြောင်း တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဆီဆွန်က ပြောကြား ထားသည်။

သို့ရာတွင် အစိုးရနှင့် စေ့စပ် ဆွေးနွေးမှုများ လုပ်ဆောင် ရာ၌ လုံလောက် သည့် တိုးတက် မှုများ ရရှိရန် လိုအပ်ပြီး အကယ်၍ လုံခြုံရေး အာမခံချက် မရှိဘဲ အမိ နိုင်ငံသို့ ပြန်သွားမည် ဆိုပါက ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အတွက် ပိုမို ကောင်းမွန်သည့် အခြေအနေ များကို ဖြစ်ပေါ် စေမည် မဟုတ်သည့် အပြင် ဆွေးနွေး ပွဲကို ဖျက်ဆီး လိုသူများက သာ သူပုန် အဖွဲ့ နှင့် အစိုးရ တို့ကြား ဆွေးနွေး မှုကို ထိုးဖောက်ကာ ပျက်ပြား စေမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

ထို့ပြင် အစိုးရ နှင့် NDF တို့ကြား အပစ်အခတ် ရပ်စဲခြင်း၊ အစိုးရ အဖွဲ့မှ ငြိမ်းချမ်းရေး အဖွဲ့ များက လက်မှတ် ရေးထိုးခြင်း၊ လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်၍ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်း သားများကို ပြန်လွှတ် ပေးခြင်း၊ အလားတူ လူမှုစီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ကျယ် ပြန့် ပြည့်စုံသည့် သဘော တူညီချက်တွင် ပါဝင်သော စိုက်ပျိုးရေး ပြုပြင် ပြောင်းလဲမှု နှင့် ကျေးလက် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ် နှစ်ခုကို အစိုးရက ဖြေရှင်း ပေးမည် ဆိုပါက မိမိ အနေဖြင့် ဘေးအန္တရာယ် ကင်းရှင်း သည်ဟု ခံစား ရမည် ဖြစ်ကြောင်း ဆီဆွန်က ဆိုသည်။

အစိုးရနှင့် ကွန်မြူနစ် သူပုန် အဖွဲ့ကြား ငြိမ်းချမ်းရေး တိုက်ရိုက် ဆွေးနွေး မှုများ ကျင်းပ နိုင်ရေး အတွက် အမိ နိုင်ငံသို့ ပြန်လာရန် ဒူတာတေက ဆီဆွန်ကို ဧပြီ ၂၁ ရက်တွင် ဖိတ်ကြား ခဲ့ခြင်း ဖြစ်ပြီး ၎င်း သတ်မှတ် ထားသည့် ရက်ပေါင်း ၆ဝ မှာ မည်သည့် အချိန်တွင် ကုန်ဆုံး မည်ကို ထုတ်ပြန် ထားခြင်း မရှိပေ။ ယင်းကာလ အတောအတွင်း စစ်ဘက်က ကွန်မြူနစ် သူပုန် များအား တိုက်ခိုက်ခြင်း မပြုရန် ဒူတာတေက အမိန့် ထုတ်ပြန် ထားမည် ဖြစ်သည်။ လက်ရှိတွင် ကွန်မြူနစ် သူပုန် အဖွဲ့မှ တပ်ဖွဲ့ဝင် အမြောက်အမြားက အစိုးရ တပ် များထံ လက်နက်ချ အလင်း ဝင်ရောက်လျက် ရှိသော ကြောင့် နိုင်ငံသို့ ပြန်လာ၍ အစိုးရ နှင့် ငြိမ်းချမ်းရေးကို နိုင်ငံရေး အရ ဖြေရှင်းရန် ဒူတာတေက ဆီဆွန်အား တောင်းပန်ခြင်း မဟုတ်ဘဲ ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု လည်း ဆိုနိုင် သည်။

ဖိလစ်ပိုင်၌ ဒူတာတေ အာဏာ ရပြီးနောက် ၂ဝ၁၆ ခုနှစ် ဇူလိုင်လက နိုင်ငံသို့ ပြောကြားခဲ့ သည့် မိန့်ခွန်း တွင် ကွန်မြူနစ် သူပုန် အဖွဲ့နှင့် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲ ရေးကို ထုတ်ပြန် ကြေညာ လိုက်သည်။ အစိုးရက ထိုသို့ ကြေညာပြီး နောက်ပိုင်း အစိုးရနှင့် NDF တို့ ကြား ငြိမ်းချမ်းရေး ဆွေးနွေး မှုများကို ကျင်းပ နိုင်ခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို နော်ဝေ နိုင်ငံ အော်စလို မြို့၌ ၂ဝ၁၆ ခုနှစ် သြဂုတ်လမှ စတင် ကျင်းပ ခဲ့သော်လည်း၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီလတွင် သူပုန် အဖွဲ့က အပစ်အခတ် ရပ်စဲရေးမှ နုတ်ထွက် သွားခဲ့ ရာမှ အစိုးရ နှင့် သူပုန် အဖွဲ့တို့ကြား ပစ်ခတ် တိုက်ခိုက် မှုများ ဆက်လက် ဖြစ်ပွား လာခဲ့သည်။ ယခုအခါ အဆိုပါ တိုက်ခိုက် မှုများ ကြောင့် လူပေါင်း ထောင်သောင်းချီ သေဆုံး ခဲ့ရခြင်းကို အဆုံးသတ် နိုင်ရေး အတွက် ဒူတာတေက နိုင်ငံ အတွင်း၌ ငြိမ်းချမ်းရေး ပြန်လည် ထူထောင် ရန် တစ်ဖန် ကြိုးပမ်း လာခြင်းကို ကွန်မြူနစ်များ အနေဖြင့် မည်သို့ မည်ပုံ ပြန်လည် တုံ့ပြန် မည်ကို ဖိလစ်ပိုင် ပြည်သူများက မျှော်လင့် နေမည်သာ ဖြစ်ပေသည်။ ။

Ref; Philstar

Read 189 times Last modified on Saturday, 28 April 2018 08:48