SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အိန်ဂျဲလာ မာကယ်က ထရမ့်နှင့် ဆွေးနွေးရန် ဝါရှင်တန်သို့ ရောက်ရ

Saturday, 28 April 2018 09:07 font size decrease font size decrease font size increase font size increase font size

ဘာလင် ဧပြီ ၂၇

ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံ ၍ ကုန်သွယ်ရေး၊ အီရန် နျူကလီးယား အရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အမေရိကန် ပြည်ထောင်စု ဝါရှင်တန် မြို့တော်သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း ဒေသတွင်း မီဒီယာ တစ်ခု က ဧပြီ ၂၇ ရက် တွင် ထုတ်ပြန် သည်။

မာကယ်၏ အဆိုပါ တစ်ရက်ကြာ အလုပ်သဘော ခရီးစဉ်သည် ထရမ့်၏ သမ္မတ သက်တမ်း တွင် ဒုတိယ အကြိမ် ဖြစ်ပြီး ၎င်းအနေဖြင့် အမေရိကန် အစိုးရက ဥရောပ သမဂ္ဂမှ တင်ပို့မည့် သံမဏိ နှင့် အလူမီနီယံ ထုတ်ကုန် များအပေါ် အခွန် တိုးမြှင့် ကောက်ခံ မည်ဟု ခြိမ်းခြောက် မှုနှင့် စပ်လျဉ်း၍ ဆွေးနွေး မည်ဟု ဂျာမနီ သတင်း ဌာနကြီး တစ်ခု ဖြစ်သည့် dpa က ဖော်ပြ သည်။

ထို့ပြင် မာကယ်သည်           ၎င်း၏ ခရီးစဉ် အတွင်း ၂ဝ၁၅ ခုနှစ်က အီရန်နှင့် ကမ္ဘာ့ အင်အားကြီး ခြောက်နိုင်ငံ အကြား ချမှတ် ခဲ့သည့် အီရန် နျူကလီးယား သဘောတူ စာချုပ်မှ နုတ်ထွက်မည့် အမေရိကန်၏ အစီအစဉ်နှင့် စပ်လျဉ်း၍ ထရမ့်ကို ဖျောင်းဖျရန် ကြိုးပမ်းမည် ဖြစ်သည်။ အီရန် နျူကလီးယား သဘောတူ စာချုပ်တွင် ချွတ်ယွင်းချက် အများအပြား ပါဝင် နေသောကြောင့် ယင်း သဘောတူ စာချုပ်ကို ပြင်ဆင်ရန် ထရမ့်က အစော ပိုင်းတွင် ဥရောပရှိ မဟာမိတ် နိုင်ငံများကို တောင်းဆို ထားသည်။

ယင်း သဘောတူ စာချုပ်ကို ပြင်ဆင်နိုင်ခြင်း မရှိ ပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် အဆိုပါ သဘောတူ စာချုပ်မှ နုတ်ထွက် မည်ဟု ခြိမ်းခြောက် ထားကြောင်း သိရ သည်။

Ref: Sputnik

Read 200 times Last modified on Saturday, 28 April 2018 09:15