SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သြစတြေးလျက စွန့်ပစ် အမှိုက်များကို ၁ဝဝ ရာခိုင်နှုန်း ပြန်လည် အသုံးပြု နိုင်မည့် အမှိုက် မီးရှို့ စက်ရုံများ တည်ဆောက်မည်

Saturday, 28 April 2018 09:16 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ ဧပြီ ၂၇

သြစတြေးလျ အစိုးရသည် စွန့်ပစ် အမှိုက်များကို ၁ဝဝ ရာခိုင်နှုန်း ပြန်လည် အသုံးပြု နိုင်မည့် အမှိုက် မီးရှို့ စက်ရုံများကို ၂ဝ၂၅ ခုနှစ်တွင် အပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း သြစတြေးလျ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးက ဧပြီ ၂၇ ရက် တွင် ပြောသည်။

သြစတြေးလျသည် နိုင်ငံ အတွင်းမှ ထွက်ရှိသည့် အမှိုက် သုံးပုံ တစ်ပုံကို တရုတ် နိုင်ငံသို့ တင်ပို့ နေခြင်း ဖြစ်ပြီး ယခုအခါ ထိုသို့ တင်ပို့မှုကို တရုတ် အစိုးရက တားမြစ် လိုက်သည့် အတွက် အမှိုက် မီးရှို့ စက်ရုံများ တည်ဆောက်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

မတ် ၁ ရက်တွင် စတင် အသက် ဝင်သော တရုတ် အစိုးရက တင်သွင်းခွင့် တားမြစ် လိုက် သည့် သြစတြေးလျ၏ အမှိုက် တန်ချိန်သည် ၁ ဒသမ ၂၅ သန်း ဖြစ်ကာ သြစတြေးလျ ဒေါ်လာ သန်း ၈၅ဝ ခန့် တန်ဖိုး ရှိသည်။

ထို့ကြောင့် အစိုးရက ထောက်ပံ့ ထားသည့် အဖွဲ့အစည်းများ အနေဖြင့် အမှိုက်မှ စွမ်းအင် ထုတ်လုပ် နိုင်သည့် စီမံကိန်း များကို ဦးစားပေး လုပ်ဆောင်ရန် ညွှန်ကြား ထားကြောင်း၊ ယင်း စီမံကိန်းများ တွင် အမှိုက် မီးရှို့စက်များ တည်ဆောက်ခြင်း နှင့် အမှိုက်ပုံမှ ဓာတ်ငွေ့ ထုတ်ယူ ခြင်းတို့ ပါဝင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး ဟို့ဖရိုင်ဒန်ဘာ့က ပြောသည်။

သြစတြေးလျ နိုင်ငံ၌ လက်ရှိတွင် အမှိုက်မှ စွမ်းအင် ထုတ်သည့် စီမံကိန်း ၃ဝ ခန့် လုပ်ငန်း လည်ပတ် နေကြောင်း၊ အများစုမှာ အမှိုက် မီးရှို့စက် ငယ်များ နှင့် အပူမှ လျှပ်စစ် စွမ်းအင် ထုတ်သည့် စက်ရုံ အသေးစား များသာ ဖြစ်ပြီး စီမံကိန်း ကြီးများမှာ ရေးဆွဲ နေသည့် အဆင့် သာ ရှိနေ သေးကြောင်း သိရ သည်။

တရုတ် နိုင်ငံသည် ပလတ်စတစ် အမှိုက်များ တင်သွင်းမှုကို အများဆုံး လက်ခံသည့် နိုင်ငံ ဖြစ် သော်လည်း ယခု အခါ ထိုသို့ အမှိုက်များ တင်သွင်းမှုကို ရပ်တန့် လိုက်သည့် အတွက် အမှိုက် တင်ပို့ လိုသူများ အနေဖြင့် လက်ခံ လိုသည့် ပြည်ပ နိုင်ငံ များကို အသည်း အသန် ရှာဖွေ နေရ ကြောင်း သိရ သည်။

Ref: Reuters

 

Read 240 times Last modified on Saturday, 28 April 2018 09:25