SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နှစ်နိုင်ငံ ဆက်ဆံရေးတွင် သမိုင်း မှတ်တိုင် အသစ် စိုက်ထူ နိုင်ခဲ့သည့် ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ

Saturday, 28 April 2018 09:26 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ် ဧပြီ ၂၇ ရက်သည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့ အတွက် ထူး ခြားသည့် နေ့ရက် ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင် အသစ် စိုက်ထူ လိုက် နိုင်သည့် နေ့ရက်လည်း ဖြစ်သည်။ နိုင်ငံ အများအပြား၏ ခြိမ်းခြောက်သူ အဖြစ် ရှုမြင် ခံရ သည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် တို့သည် နှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံ ကျေးရွာရှိ ငြိမ်းချမ်းရေး အိမ်တော်၌ နှစ်နိုင်ငံ စလုံး အ တွက် သမိုင်းတွင်မည့် ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပကာ နျူကလီးယား ကင်းမဲ့ရေး နှင့် ငြိမ်း ချမ်းရေးကို ဦးစားပေး လုပ်ဆောင်မည့် ပူးတွဲ ကြေညာချက် တစ်ရပ်ကို ချမှတ် နိုင်ခဲ့ သည်။ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရာ ငြိမ်းချမ်းရေး အိမ်တော်သည် တောင်ကိုရီးယား ဘက်ခြမ်းတွင် တည်ရှိ သောကြောင့် ကင်ဂျုံအွန်က နှစ်နိုင်ငံ ပိုင်းခြား ထားသည့် စစ်မဲ့ဇုန်ကို ဖြတ်သန်း၍ တောင်ကိုရီးယား ပိုင်နက် အတွင်းသို့ သွားရောက် ခြင်းသည် ၁၉၅ဝ-၅၃ ကိုရီးယား စစ်ပွဲ ပြီးဆုံး ချိန်မှ စ၍ မြောက်ကိုရီးယား ခေါင်းဆောင်က တောင်ကိုရီးယား မြေသို့ ပထမဆုံး အကြိမ် ခြေချ ခြင်းလည်း ဖြစ်သည်။

ထို ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား အစိုးရ အနေဖြင့် ကိုရီးယား ကျွန်းဆွယ် ပေါ်တွင် ထိပ် တိုက် ရင်ဆိုင်ရေး သမိုင်းကြောင်းကို အဆုံးသတ်ရန် ဆန္ဒ ရှိနေသည်ဟု ကင်ဂျုံအွန်က မွန် ဂျေးအင် အား ပြောသည်။ ကင်ဂျုံအွန်သည် အိမ်ပြာတော်ဟု လူသိများသည့် တောင်ကိုရီး ယား သမ္မတရုံးနှင့် သမ္မတ နေအိမ်သို့ အလည်အပတ် လာရန် ဆန္ဒ ရှိနေသည်ဟု ပြောကာ မွန်ဂျေးအင်အား ပြုံယမ်း မြို့တော်သို့ အလည်အပတ် လာရန်လည်း ဖိတ်ခေါ် ခဲ့သည်။

ထို့အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် အနာဂတ်တွင် မကြာခဏ တွေ့ဆုံရန် မိနစ် ၉ဝ ကြာမြင့်သည့် ဆွေးနွေးပွဲ၌ ကင်ဂျုံအွန်က တိုက်တွန်း ထားသည်။ နှစ်နိုင်ငံ စလုံးရှိ ပြည်သူများ အတွက် ဝမ်းမြောက်စရာ သတင်းလည်း ဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ အတွက်လည်း ပို၍ အရေး ပါသည့် အချက်မှာ ကိုရီးယား နှစ်နိုင်ငံ အကြား လက်ရှိ ချုပ်ဆို ထားသည့် အပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို ငြိမ်းချမ်းရေး သဘောတူ စာချုပ်ဖြင့် အစား ထိုးရန် ကြိုးပမ်း မည်ဟု နှစ်နိုင်ငံ ခေါင်းဆောင် များက အပြီးသတ် သဘောတူ လိုက်ခြင်းပင် ဖြစ် သည်။ ထိုသို့ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆို နိုင်ရေး အတွက် အမေရိကန် ပြည် ထောင်စု အပြင် ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံ တို့နှင့် တွေ့ဆုံ ဆွေးနွေး မည်ဟု နှစ် နိုင်ငံ စလုံးက သဘော တူထားသည်။

ယခင်က တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြိုင်ဘက်များ အဖြစ် ရှုမြင် ကြသည့် ကိုရီးယား နှစ်နိုင်ငံ၏ ဆက်ဆံ ရေးသည် တောင်ကိုရီးယား၌ ကျင်းပသည့် ဆောင်းရာသီ အိုလံပစ် အားကစား ပြိုင်ပွဲ ပြီးဆုံးချိန်မှ စ၍ နွေးထွေး လာပြီး မြောက်ကိုရီးယား အစိုးရက နျူကလီးယား နှင့် ဒုံးကျည် စမ်း သပ်မှုများကို ရပ်တန့် မည်ဟု ထုတ်ပြန် ကြေညာပြီး နောက်ပိုင်း သိသိသာသာ တိုးတက် လာ သည်။ မြောက်ကိုရီးယားသည် ၎င်းတို့၏ နျူကလီးယား နှင့် ဒုံးကျည် စမ်းသပ်မှုများကို ဧပြီ ၂၁ ရက်မှ စတင်ကာ ရပ်ဆိုင်း လိုက်ပြီ ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ လုပ်ဆောင်မှုကို သက်သေ ပြရန် အတွက် နိုင်ငံ မြောက်ပိုင်းရှိ နျူကလီးယား စမ်းသပ်ရေး စခန်း တစ်ခုကိုပါ ပိတ်သိမ်း မည်ဟု ဆိုထား သည်။ မြောက်ကိုရီးယား အစိုးရ၏ ယင်း ကြေညာချက်ကို အမေရိကန် ပြည် ထောင်စု နှင့် ဂျပန် နိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက ကြိုဆို ခဲ့သည်။

ထို့ပြင် ကင်ဂျုံအွန်၏ လုပ်ဆောင် ချက်သည် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို သာမက အ မေရိကန် -မြောက်ကို ရီးယား ဆက်ဆံရေး အတွက် ကြီးမားသော တိုးတက်မှု ဖြစ်ပေါ်စေ သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆို ထားသည်။

ကိုရီးယား နှစ်နိုင်ငံအကြား တင်းမာ မှုများသည် ၂ဝ၁၇ ခုနှစ်တွင် အမြင့်ဆုံး အဆင့်ထိ ရောက် ရှိ လာပြီး မြောက်ကို ရီးယားနှင့် အမေရိကန် ပြည်ထောင်စု တို့အကြား တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ခြိမ်းခြောက်မှုများ လုပ်ဆောင် ခဲ့သည်။ သို့သော် ယနေ့ အောင်မြင်စွာ ကျင်းပ နိုင်သည့် ကိုရီးယား နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေး ပွဲသည် ငြိမ်းချမ်းရေး နှင့် ကြွယ်ဝ ချမ်းသာ ရေးကို ပိုမို တိုးတက် ဖြစ်ပေါ် စေမည်ဟု အမေရိကန် အစိုးရက ထုတ်ပြန် ထားသည်။ ထို့ပြင် ကင်ဂျုံအွန်နှင့် တွေ့ဆုံ ဆွေးနွေးမည့် ထိပ်သီး ဆွေးနွေး ပွဲကို စောင့်စား နေသည်ဟု အမေ ရိကန် အစိုးရက ပြောထား ခြင်းကြောင့် ကင်ဂျုံအွန်နှင့် မွန်ဂျေးအင် တို့၏ ထိပ်သီး ဆွေးနွေးပွဲ သည် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ဖြင့်သာ စစ်ပွဲကို ရပ်ဆိုင်း ထားရသည့် ကိုရီး ယား နှစ်နိုင်ငံ စလုံးအတွက် သမိုင်း တွင်မည့် ဆွေးနွေး ပွဲကြီး တစ်ခု ဖြစ်သလို နောက်ပိုင်း တွင် နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး နိုင်စေရန် အတွက် အစ ပြုလိုက်သည့် ခြေလှမ်း တစ်လှမ်းပင် ဖြစ်သည်။

Ref: Sputnik, Reuters

Read 172 times Last modified on Saturday, 28 April 2018 09:44