SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကွာလာ လမ်ပူမြို့၌ ရွေးကောက်ပွဲ ကိုယ်စား လှယ်လောင်း အမည်စာရင်း ကြေညာသည့် နေ့ တွင် ရဲတပ်ဖွဲ့ဝင် ၂၆ဝဝ ကျော် ဖြန့်ကြက် မည်

Saturday, 28 April 2018 09:44 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ ဧပြီ ၂၇

မလေးရှား နိုင်ငံ ကွာလာ လမ်ပူမြို့၌ ရွေးကောက်ပွဲ ကိုယ်စား လှယ်လောင်း အမည်စာရင်း ကြေညာမည့် ဧပြီ ၂၈ ရက်တွင် ရဲတပ်ဖွဲ့ဝင် ၂၆ဝဝ ကျော်ကို ဖြန့်ကြက် သွားမည် ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ရဲတပ်ဖွဲ့ ဝင်များတွင် ရဲအရာရှိ ၃၆၁ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၃ဝ၃ဦး နှင့် ဦးစီး အရာရှိ ၂၉ ဦးတို့ ပါဝင်ကြောင်း မြို့တော် ရဲတပ်ဖွဲ့မှူး မာဇလန် လာဇင်က ပြောသည်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာသည့် ကာလအတွင်း အမှား အယွင်း တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် နှင့် အစစ အရာရာ အဆင်ပြေ ချောမွေ့ စေရန် ပြင် ဆင်ထားကြောင်း ၎င်းက မြို့တော် ရဲဌာနချုပ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင် သတင်း ထောက်များအား ပြောသည်။

ကွာလာ လမ်ပူမြို့နှင့် ပူထရာ ဂျာယာမြို့ တို့၌ ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်း အမည် စာရင်း ကြေညာမည့် နေရာ ၁၂ ခု ရှိပြီး ကိုယ်စားလှယ် လောင်းများ အနေဖြင့် အဆိုပါ နေရာ များသို့ စောစောစီးစီး လာရန် တိုက်တွန်းကြောင်း နှင့် ရဲတပ်ဖွဲ့၏ ညွှန်ကြားချက် များကို လိုက် နာရန် အကြံ ပြုကြောင်း မာဇလန်လာဇင်က ပြောသည်။

မလေးရှား နိုင်ငံ၏ (၁၄)ကြိမ်မြောက် အထွေထေ ရွေးကောက်ပွဲကို မေ ၉ ရက်တွင် ကျင်းပ မည် ဖြစ်ပြီး လက်ရှိ အာဏာရ ပါတီနှင့် ပြိုင်ဘက် ပါတီများ ဖြစ်သော ပါကာတန် ဟာရာပန် နှင့် ပါတီ အစ္စလမ်ဆီ မလေးရှား ပါတီတို့ အကြား ပြင်းထန်သည့် ယှဉ်ပြိုင်မှု ဖြစ်လာဖွယ် ရှိသည် အဆိုပါ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှု များကို အမည် စာရင်း ကြေညာပြီး ၁၁ ရက် အတွင်းသာ လုပ်ဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

Read 171 times Last modified on Saturday, 28 April 2018 10:00