SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ တရုတ် သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ ဆုံ

Saturday, 28 April 2018 10:00 font size decrease font size decrease font size increase font size increase font size

ဝူဟန် ဧပြီ ၂၇

တရုတ် နိုင်ငံသို့ အလည်အပတ် ခရီး ရောက်ရှိ လာသည့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ သည် ဧပြီ ၂၇ ရက်တွင် တရုတ် နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ရှိ ဟူဘေ ပြည်နယ် ပြတိုက်၌ တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကြောင်း ဒေသတွင်း သတင်းဌာန တစ်ခု၏ ထုတ်ပြန် ချက် အရ သိရ သည်။

မိုဒီ၏ အဆိုပါ ခရီးစဉ်သည် ဟိမဝန္တာ နယ်စပ်ဒေသ အငြင်းပွားမှု နှင့် ပတ်သက်၍ အာရှ အင်အားကြီး နှစ်နိုင်ငံ အကြား ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ နှင့် ရင်ဆိုင် ခဲ့ရပြီး နောက်လ များစွာ အကြာတွင် ထွက်ပေါ် လာခြင်း ဖြစ်ကြောင်း သိရသည်။

မိုဒီနှင့် ရှီကျင့်ဖျင် တို့သည် ဟူဘေပြည်နယ် ပြတိုက်၌ တရုတ် ရှေးဟောင်း ပစ္စည်းများကို လှည့်လည် ကြည့်ရှုပြီး ယင်း ပြတိုက်၌ နှစ်နိုင်ငံ ရှေးဟောင်း ယဉ်ကျေးမှုများ ဆိုင်ရာ ဆွေးနွေး ပွဲများ တိုးမြှင့် ပြုလုပ်ရေး နှင့် ပတ်သက်၍ အမြင် များနှင့် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး ဆွေးနွေးကြောင်း Xinhua သတင်း ဌာနက ထုတ်ပြန်သည်။

ခေါင်းဆောင် နှစ်ဦး လက်ဆွဲ နှုတ်ဆက်သည့် ဓာတ်ပုံကို အဆိုပါ သတင်း ဌာနက ပြသ ထား သော်လည်း အသေးစိတ် အချက်အလက်နှင့် ပတ်သက်၍ မသိရ သေးကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့ နှစ်ဦး အနေဖြင့် နောက်ပိုင်းတွင် ညစာအတူ သုံးဆောင် ရန်လည်း စီစဉ် ထား ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် နှစ်နိုင်ငံ အရေးအပြင် ကမ္ဘာလုံး ဆိုင်ရာ အရေးပါမှု ကိစ္စ ရပ်များနှင့် ပတ်သက်သည့် အမြင်များကို အပြန်အလှန် ဆွေးနွေးမည် ဖြစ်ပြီး အမျိုးသား ဖွံ့ဖြိုး တိုးတက်မှု အတွက် ဦးစားပေး အချက်များနှင့် အမြင်များ အထူး သဖြင့် လက်ရှိနှင့် အနာဂတ် နိုင်ငံ တကာ အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း မိုဒီက ပြောသည်။

Ref: Reuters

 

Read 249 times Last modified on Saturday, 28 April 2018 10:08