SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရုရှား သမ္မတ ပူတင်သာ ခွင့်ပြု ပါက ဆီးရီးယားအား S-300 ဒုံးကျည် ကာကွယ်ရေး စနစ်ေ ထာက်ပံ့ရန် အသင့် ရှိဟုဆို

Saturday, 28 April 2018 10:08 font size decrease font size decrease font size increase font size increase font size

အန်တယ်ယာ ဧပြီ ၂၇

ရုရှားနိုင်ငံပိုင် လက်နက် တင်ပို့သည့် ကုမ္ပဏီကြီး တစ်ခု ဖြစ်သော ရိုဆိုဘိုရွန် အိတ်စပို့ ကုမ္ပ ဏီ အနေဖြင့် သမ္မတ ဗလာဒီမာ ပူတင်သာ ခွင့်ပြု ပါက ဆီးရီးယား နိုင်ငံအား S-300 လေ ကြောင်းရန် ကာကွယ်ရေး စနစ် ထောက်ပံ့ရန် အသင့် ရှိကြောင်း ရုရှားရော့စတက် ကော်ပို ရေးရှင်း နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ ညွှန်ကြား ရေးမှူး ဗစ်တာ ကလာဒေါ့က ဧပြီ ၂၇ ရက်တွင် Sputnik သတင်း ဌာနသို့ ပြောသည်။

ရုရှားသမ္မတက ယင်းကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုရန် ဆုံးဖြတ်ချက် ချပြီး ပါက ရိုဆိုဘို ရွန်အိတ် စပို့ ကုမ္ပဏီ အနေဖြင့် ထောက်ပံ့ရေး သဘောတူ စာချုပ်ကို တရားဝင် ချုပ်ဆိုမည် ဖြစ် ကြောင်း၊ အယ်မက်-အန်တေး ထုတ်လုပ်ရေး ကုမ္ပဏီက လေကြောင်းရန် ကာကွယ်ရေး စနစ် နှင့် ပတ်သက်၍ အောင်မြင်စွာ ထုတ်လုပ်ပြီး ဖြစ်ကြောင်း နှင့် ယင်းကိစ္စသည် နိုင်ငံရေး အရ အရေး ကြီးသော ဆုံးဖြတ်ချက် ဖြစ်ပြီး နိုင်ငံ၏ ခေါင်းဆောင်က အဆုံးအဖြတ် ပေးရမည် ဖြစ် ကြောင်း ကလာဒေါ့က ပြောသည်။

ဆီးရီးယား နိုင်ငံသို့  S-300 ဒုံးကျည် ကာကွယ်ရေး စနစ် ရောင်းချရန် ရုရှားအစိုးရက ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း ရုရှား ဦးစီး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆာဂျီရက် စကိုင်းက ယခုလ အစောပိုင်းတွင် ပြောဆို ထားပြီး ဖြစ်သည်။

တစ်ချိန် တည်းမှာပင် သမ္မတပူတင်သည် ဆီးရီးယားအား S-300  လေကြောင်းရန် ကာကွယ် ရေး စနစ် ထောက်ပံ့မည့် ကိစ္စနှင့် ပတ်သက်၍ ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆွေး နွေးခဲ့ကြောင်း၊ သို့သော် ဆုံးဖြတ်ချက် မချရ သေးကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ရော့က မတ်လတွင် ပြောသည်။

ဆီးရီးယား အစိုးရသည် ဒိုမာမြို့၌ ဖြစ်ပွားသော တိုက်ခိုက်မှု အတွင်း ဓာတုလက်နက်များ အသုံးပြု သည်ဟု စွပ်စွဲ ခံရပြီး အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ်တို့က ဆီးရီးယား နိုင်ငံကို လေ ကြောင်း မှ တိုက်ခိုက် ပြီးနောက် ရုရှားက ဆီးရီးယား နိုင်ငံအား လက်နက် ထောက်ပံ့မည့် သတင်း ထွက်ပေါ် လာခြင်း ဖြစ်သည်။

Ref: Sputnik

Read 289 times Last modified on Saturday, 28 April 2018 10:19