SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဥရောပ နှင့် အမေရိကန် ရဲတပ်ဖွဲ့က IS စစ်သွေးကြွ အဖွဲ့၏ အဓိက အသံလွှင့် ဌာနများကို ဖျက် ဆီး

Saturday, 28 April 2018 10:19 font size decrease font size decrease font size increase font size increase font size

သဟေ့ ဧပြီ ၂၇

ဥရောပ နှင့် အမေရိကန် ရဲတပ်ဖွဲ့ဝင် များသည် နိုင်ငံ အများ အပြား နှင့် ပူးပေါင်း ၍ IS စစ် သွေးကြွ အဖွဲ့၏ အဓိက အသံလွှင့် ဌာနများကို ဖျက်ဆီး လိုက်ကြောင်း ဥရောပ ရဲတပ်ဖွဲ့က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန် သည်။

၎င်းတို့ အနေဖြင့် ယင်း စစ်ဆင်ရေးအတွင်း ဥရောပရှိ လူငယ်လူရွယ် များကို အစွန်း ရောက် စေရန် နှင့် ဝါဒဖြန့် ပျံ့နှံ့ စေသည့် IS အဖွဲ့၏ အဓိက အသံလွှင့် ဌာနများ ကို ဖျက်ဆီး ခဲ့ ကြောင်း ဥရောပ ရဲတပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက ပြောသည်။

ဧပြီ ၂၅ ရက်နှင့်၂၆ ရက်တွင် ပြုလုပ်သော နှစ်ရက်ကြာ စစ်ဆင်ရေးသည် ၂ဝ၁၅ ခုနှစ် တွင် စ တင် လုပ်ဆောင်သော စစ်ဆင်ရေးများ အနက် နောက်ဆုံး လုပ်ဆောင်မှု ဖြစ်ပြီး သတင်း စ ကား ဖြန့်ဝေရန် နှင့် တိုက်ခိုက် မှုများကို ထုတ်ပြန်ရန် IS အဖွဲ့ အသုံး ပြုသော ဗာဆေ သ တင်း ဌာနကို အဓိက ပစ်မှတ် ထားကြောင်း သိရသည်။

ထို့ပြင် ယင်း စစ်ဆင်ရေးအတွင်း al-Bayan အသံလွှင့်ဌာန၊ Halumu နှင့် Nashir သတင်းဌာန အပါ အဝင် အကြမ်းဖက်မှု ကြေညာရန် နှင့် အသံလွှင့်ရန် လုပ်ဆောင်သည IS အဖွဲ့၏ စွမ်း ဆောင်ရည် ကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ဥရောပ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြော သည်။

ယင်း စစ်ဆင်ရေးကို ဘယ်ဂျီယံ အစိုးရ ရှေ့နေက ဦးဆောင်ခြင်း ဖြစ်ပြီး အမျိုးသား ရဲတပ်ဖွဲ့ ဝင်များက ဘူဂေးရီးယား၊ ပြင်သစ်နှင့် ရိုမေးနီးယားရှိ ဒစ်ဂျစ်တယ် ပစ္စည်းများ အပါအဝင် နယ်သာလန်၊ ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုရှိ ကွန်ပျူတာ ဆာဗာများကို သိမ်းဆည်း ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: AFP

Read 196 times Last modified on Saturday, 28 April 2018 10:32