SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အိန္ဒိယ၌ လက်ထပ်ပြီး ကာစ ဇနီး မောင်နှံထံသို့ ပါဆယ်ဗုံး ပို့၍ လုပ်ကြံသူကို ရဲတပ်ဖွဲ့ ဖမ်းဆီး

Saturday, 28 April 2018 10:32 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ဧပြီ ၂၇

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သြရိဿ ပြည်နယ်၌ ဖေဖော်ဝါရီလတွင် ဖြစ်ပွားသော လက်ထပ်ပြီး ကာစ ဇနီးမောင်နှံ ထံသို့ ပါဆယ်ဗုံး ပေးပို့၍ လုပ်ကြံသူကို နှစ်လကြာ စုံစမ်း စစ်ဆေးပြီး နောက် ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်လိုက်ပြီ ဖြစ်ကြောင်း Sputnik သတင်း ဌာနက ဧပြီ ၂၇ ရက် တွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့သည် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယ ရှိသူများကို သတိထား စောင့်ကြည့် ခဲ့ ကြောင်း၊ အထူးသဖြင့် သတို့သား မိခင်၏ လုပ်ဖော် ကိုင်ဖက် ဖြစ်သော ပန်ဂျီလယ် မီဟာကို အဓိကထား စောင့်ကြည့်ကြောင်း သိရသည်။

သတို့သား ဆိုမြ နှင့် သတို့သမီး ရီမာတို့ လက်ထပ်ပြီး ငါးရက်မြောက် ဖေဖော်ဝါရီ ၂၃ ရက် တွင် ၎င်းတို့ ထံသို့ လက်ဖွဲ့ ပစ္စည်း ပါဆယ်တစ်ခု ရောက်ရှိ လာသည်။ ၎င်းလက်ဖွဲ့ ပစ္စည်း သည် မည်သူ့ထံမှ ဖြစ်ကြောင်း မသိရပေ။ အဆိုပါ လက်ဖွဲ့ ပစ္စည်းကို ဖွင့်ကြည့်ရာ ပေါက်ကွဲမှု ဖြစ်ပွားပြီး သတို့သား ဆိုမြသည် နေရာမှာပင် ပွဲချင်းပြီး သေဆုံးသည်။ ရီမာနှင့် နောက်ထပ် မိသားစုဝင် တစ်ဦးသည် ပြင်းထန်သော ဒဏ်ရာများ ရရှိသည်။

သြရိဿ ရဲတပ်ဖွဲ့သည် အဆိုပါ လျှို့ဝှက် ကြံစည်မှုကို သေချာအောင် စုံစမ်း စစ်ဆေး ကြည့်ရာ သတို့သား မိခင်၏ လုပ်ဖော် ကိုင်ဖက်သည် အလုပ်ခွင် အတွင်း၌ ၎င်း၏ နေရာတွင် သတို့သား မိခင်ကို အစားထိုး ခန့်အပ်ခြင်း အပေါ် မနာလို ဖြစ်ပြီး ယခုကဲ့သို့ ပါဆယ်ဗုံး ပေးပို့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အခိုင်အမာ ပြောသည်။

ယခု ဖြစ်စဉ်မှာ မနာလို သဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပန်ဂျီလယ် မီဟာသည် ၎င်း၏ ကျောင်းအုပ် ရာထူးကို သတို့သား၏ မိခင်အား လွှဲပေး လိုက်ရခြင်းကြောင့် မကျေမနပ် ဖြစ်ပြီး ယခု ကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း IGP ပြစ်မှု စစ်ဆေးရေး ဌာနမှ အေရန်ဘိုရာက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။

ပန်ဂျီလယ် မီဟာသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် မိသားစု တစ်စုလုံးကို ရှင်းပစ်ရန် စီစဉ်ပြီး ပါဆယ်ဗုံး ပေးပို့ခြင်း ဖြစ်သည်။ ဗုံး ပြုလုပ်နည်းကို အင်တာနက် စာမျက်နှာများတွင် ရှာဖွေ၍ ပါဆယ်ဗုံးကို ခုနစ်လ နီးပါး ကြာလေလာ ပြုလုပ်ခြင်း ဖြစ်သည်။

Ref: Sputnik

Read 283 times Last modified on Saturday, 28 April 2018 10:43