SJ WorldNews - шаблон joomla Авто

နှစ်နိုင်ငံစစ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် နယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အိန္ဒိယနှင့်တရုတ် သဘောတူ

Sunday, 29 April 2018 09:19 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ   ဧပြီ   ၂၈

အိန္ဒိယနှင့် တရုတ်တို့သည် နှစ်နိုင်ငံစစ် ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ နယ်စပ်ငြိမ်းချမ်းရေး ကို ဆက်လက် ထိန်းသိမ်းရန် သဘောတူကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ တရုတ်နိုင်ငံ သို့ခရီးစဉ်အပြီး ဧပြီ ၂၈ ရက်တွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နှစ်နိုင်ငံအကြား  နယ်စပ်ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် လပေါင်းများစွာ အကြာတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့၌ သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ ဆုံ ဆွေးနွေး သည်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် သမ္မတ ရှီကျင့်ဖျင်တို့သည် သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု သဘောတူ  ပြီးနောက် ဆွေးနွေးပွဲကို အောင်မြင်စွာအဆုံး သတ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဗီဂျေးဂိုခါလယ်က သတင်းထောက်များအား ပြောသည်။

တရုတ်-အိန္ဒိယ နယ်သတ်မျဉ်းကိစ္စနှင့် ပတ်သက်၍ တရားမျှတပြီး လက်တွေ့ကျကာ လက်ခံနိုင်သောဖြေရှင်းမှုဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အတည်ပြုသည်။

ထို့ပြင် တရုတ်-အိန္ဒိယ နယ်စပ်ဒေသတစ်လျှောက်၌ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်း ရန်အရေးကြီးကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက အလေးပေးပြောဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်   အိန္ဒိယ ဝန်ကြီးချုပ် နာရန် ဒရာမိုဒီ၏ နိုင်ငံတော် အဆင့် တွေ့ဆုံပွဲအခမ်းအနား၌ ဂုဏ်ပြု တပ်ဖွဲ့က လေထဲသို့ သေနတ်၂၁ချက် ပစ်ဖောက်ဂုဏ်ပြုခဲ့ပြီး ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် မျှော်မှန်း ထား သည်ထက်  အချိန်ပိုမိုကြာမြင့်ခဲ့သည်။

၎င်းတို့ နှစ်ဦး၏ တွေ့ဆုံပွဲကို  နိုင်ငံပိုင် သတင်းဌာနများကလည်း   ခေါင်းကြီးပိုင်း သတင်းအနေဖြင့် ဂုဏ်ပြုဖော် ပြခဲ့ သည်။ ၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည်  နှစ်နိုင်ငံအပြန် အလှန်ယုံကြည်မှုကို  တိုးမြင့်စေပြီး  ပူးပေါင်း ဆောင် ရွက်မှု များနှင့် ဆက်ဆံရေးကို ပိုမို တိုးတက်စေ မည်ဖြစ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ ပြည်သူ့နေ့ စဉ် သတင်းစာတွင် ဖော်ပြသည်။         

 

 

Read 201 times Last modified on Sunday, 29 April 2018 09:20