SJ WorldNews - шаблон joomla Авто

ကိုရီးယားထိပ်သီး ဆွေးနွေးပွဲက ကိုရီးယား ကျွန်းဆွယ်အတွက် အလှည့်အပြောင်း တစ်ရပ်ကိုဖြစ်ပေါ်စေဟု မြောက်ကို ရီးယားပြော

Sunday, 29 April 2018 12:07 font size decrease font size decrease font size increase font size increase font size

ဆိုး    ဧပြီ    ၂၈

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့်  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ၏ထိပ်သီး ဆွေးနွေး ပွဲသည် ကိုရီးယားကျွန်း ဆွယ်အတွက် အလှည့်အပြောင်းတစ်ရပ်ကိုဖြစ်ပေါ်စေခဲ့ကြောင်း   မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ကိုရီးယားနှစ်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦးသည် ဧပြီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးပြီး ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား လုံးဝ ကင်းမဲ့စေရေးလုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့သည်ဟုဃဗြ သတင်းဌာနကဖော်ပြထားသည်။ထို့ပြင် အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ကောင်းမွန်စေရေး၊ ကိုရီးယားကျွန်းဆွယ်၌ တည်ငြိမ် အေးချမ်းပြီး နျူကလီးယားကင်းမဲ့စေရေးအပါအဝင် နှစ်နိုင်ငံစလုံးနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ ဆွေးနွေးကြောင်း၊ ညစာစားပွဲ အခမ်းအနား သည်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့်ခံစားမှုများဖြင့်ပြည့်နှက်နေကြောင်း သတင်း ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကင်ဂျုံအွန်နှင့် မွန်ဂျေးအင်တို့၏ ထိပ်သီး ဆွေးနွေးပွဲအပြီး နောက်တစ်ရက်တွင် ခေါင်းဆောင်နှစ်ဦး၏ ခင်မင်ရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက်နေသည့်ဓာတ်ပုံများနှင့်ဗီဒီယိုများကို တောင်ကိုရီးယား သတင်းဌာနများက အကျယ်တဝင့် ဖော်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲကျင်းပနေသည့် ဓာတ်ပုံနှင့်ဗီဒီယို များကို  မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်မြင် သံကြားဌာနက ဧပြီ ၂၈ ရက်  မွန်းလွဲပိုင်းတွင်ပြသခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံအကြားဆက်ဆံရေး ထူးထူးခြားခြားတိုးတက်လာခြင်းကို အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့် အပါအဝင်  ကမ္ဘာ့နိုင်ငံများမှခေါင်းဆောင်အများအပြားက ကြိုဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စု အနေဖြင့် မြောက်ကိုရီးယားနှင့် သဘောတူညီ ချက်ချမှတ်နိုင်မည်ဟု  မျှော်လင့်နေသည်။

သို့သော် ယခင်အမေရိကန်အစိုးရအဖွဲ့များက လုပ်ဆောင်သည့်အမှားမျိုး ထပ်မံမကျူးလွန်မိစေရန်အတွက် လက်ရှိတွင် မြောက်ကိုရီးယား အပေါ်ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်မည်ဟု  ထရမ့်ကပြောကြောင်း  သိရသည်။                   

 

Read 223 times Last modified on Sunday, 29 April 2018 12:08