SJ WorldNews - шаблон joomla Авто

အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှုက အာဆီယံနိုင်ငံများအတွက် စိုးရိမ်ဖွယ်ဖြစ်ဟု စင်ကာပူဆို

Sunday, 29 April 2018 12:08 font size decrease font size decrease font size increase font size increase font size

စင်ကာပူ   ဧပြီ   ၂၈

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့ အကြားဖြစ်ပွားနေသည့် ကုန်သွယ်ရေးတင်းမာ မှုသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွက် စိုးရိမ်ဖွယ်ကိစ္စတစ်ခုဖြစ်လာကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ဧပြီ ၂၈ ရက်တွင် ပြောသည်။

အမေရိကန်ပြည်ထောင်စုနှင့်တရုတ်တို့ အကြားဖြစ်ပွားသည့် ကုန်သွယ်ရေးတင်းမာမှုများသည် ပြည်တွင်းလုပ်ငန်း များအား အကာ အကွယ်ပေးသည့်မူဝါဒနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံများမှခေါင်းဆောင်များကို စိုးရိမ်မကင်း ဖြစ်လာစေကြောင်း လီရှန်လွန်းက အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ပြောသည်။ ထို့ပြင် မြင့်တက်လာသည့် ပြည်တွင်း လုပ်ငန်းများအား အကာအကွယ်ပေးသည့်မူဝါဒနှင့် ကမ္ဘာအနှံ့ ဖြစ်တည်မှုကိုဆန့်ကျင်သည့်  သဘောထား များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက များစွာ စိုးရိမ်မကင်းဖြစ်ကြောင်း ထိပ်သီးဆွေးနွေး ပွဲပြီးနောက်  အာဆီယံအဖွဲ့၏ကိုယ်စား ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့်တရုတ်တို့သည် အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံအနက် နိုင်ငံအများအပြားအတွက် အဓိကကုန်သွယ် ဖက်နိုင်ငံများ အဖြစ် ရပ်တည်နေကြောင်းသိရသည်။

အာဆီယံအဖွဲ့သည် အစွန်းရောက်ဝါဒ၊ ဆိုက်ဘာတိုက်ခိုက်မှုများ စသည့်ခြိမ်းခြောက် မှုများကို ပူးပေါင်းဖြေရှင်း ရန်နှင့် ကုန်သွယ် ရေးနှင့်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် အီလက်ထရွန်စနစ်ဖြင့် ငွေပေးချေသည့်စနစ်  များအသုံးပြုခြင်းကို  တိုးမြှင့်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

Read 132 times Last modified on Sunday, 29 April 2018 12:09