SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အဇာဘိုင်ဂျန် အရှေ့မြောက်ပိုင်းရှိ လက်နက်ခဲယမ်း သိုလှောင်ရုံ တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွား၊ ခြောက်ဦးဒဏ်ရာရ

Monday, 28 August 2017 09:20 font size decrease font size decrease font size increase font size increase font size

ဘာကူး သြဂုတ် ၂၇

အဇာဘိုင်ဂျန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ လက်နက်ခဲယမ်း သိုလှောင်ရုံ တစ်ခု၌ သြဂုတ် ၂၇ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အနီးအနားရှိ လူနေအိမ်များ မီးလောင်သွားကြောင်း အာဏာပိုင် များက ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုသည် ဆီယာဇန် ခရိုင်ရှိ စစ်အခြေစိုက် စခန်းတစ်ခုမှ လက်နက်သိုလှောင်ရုံ တစ်ခုတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဗုံးသီးအချို့မှာ အနီးအနားရှိ ဂီလာဇီဒေသမှ လူနေအိမ်များ အပေါ်သို့ ကျရောက်ကာ မီးလောင်ကျွမ်းကြောင်း အရေးပေါ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထားသည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် အာဏာပိုင်များက လူနေရပ်ကွက် အတွင်းမှ ဒေသခံများကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ကြောင်း ခရိုင် တာဝန်ရှိသူများက ဆိုသည်။ ပေါက်ကွဲမှုနှင့် မီးလောင်မှု အတွင်း သေဆုံးသူ တစ်ဦးမျှ မရှိကြောင်း သိရသည်။ သို့သော် ပေါက်ကွဲမှုကြောင့် လူခြောက်ဦးဒဏ်ရာ ရရှိသွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဘာကူးမြို့တော်နှင့် ရုရှားနယ်စပ်သို့ ဆက်သွယ်ထားသည့် ကားလမ်းမ ကြီးကို အာဏာပိုင်များက ပိတ်လိုက်ကြောင်း သိရသည်။

Read 427 times Last modified on Monday, 28 August 2017 09:23