SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဥမင်လိုဏ်ခေါင်းမှ တစ်ဆင့် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ ၃ဝ ကို အမေရိကန် ဖမ်းဆီး

Monday, 28 August 2017 09:23 font size decrease font size decrease font size increase font size increase font size

ဆန်ဒီယေးဂိုး သြဂုတ် ၂၇

အမေရိကန် ထောက်လှမ်းရေး အဖွဲ့ဝင်များသည် မက္ကဆီကို နိုင်ငံရှိ နယ်စပ်ဖြတ်ကျော်သည့် ဥမင်လိုဏ်ခေါင်းမှ တစ်ဆင့် ဆန်ဒီယေးဂိုး မြို့အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ယူဆရသူ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃ဝ ကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန် အကောက် ခွန်နှင့် နယ်စပ်ကာကွယ်ရေး အဖွဲ့ (CBP)က ပြောသည်။

ထောက်လှမ်းရေး အဖွဲ့ဝင်များသည် ဒေသအတွင်း ရှာဖွေမှုများ လုပ်ဆောင်စဉ် သြဂုတ် ၂၆ ရက် အစောပိုင်းတွင် အိုတေမီဆာ ဆိပ်ကမ်းအနီးရှိ ယင်းမြို့အတွင်းသို့ တရားမဝင် ဝင်ရောက် လာသူများနှင့် ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်ကြောင်း CBP က ထုတ်ပြန်ထားသည်။ ထို့နောက် ထောက်လှမ်းရေး တပ်ဖွဲ့သည် မှောင်ခို ဥမင်လိုဏ်ခေါင်း တစ်ခုဟု ယူဆရသော လှေကားတစ်ခု ပါဝင်သည့် မြေဝင်ပေါက် တစ်ပေါက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဥမင်လိုဏ်ခေါင်း ထွက်ပေါက်မှာ အိုတေမီဆာ ဆိပ်ကမ်းထွက်ပေါက် ဝန်းကျင်ရှိ ဒုတိယ ခြံစည်းရိုးတွင် ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ ရွှေ့ပြောင်း လာသူများကို စုံစမ်း မေးမြန်းမှုများ လုပ်ဆောင်ရန် နယ်စပ် အကျဉ်းစခန်းတွင် ဖမ်းဆီးထားကြောင်းနှင့် ယင်းအဖွဲ့တွင် တရုတ်နိုင်ငံမှ ၂၃ ဦးနှင့် မက္ကဆီကို နိုင်ငံမှ ခုနစ်ဦး ပါဝင်ကြောင်း CBP က ပြောသည်။

Read 441 times Last modified on Monday, 28 August 2017 09:28