SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

IS တို့ ထိန်းချုပ်ထားသော တဲအဖာမြို့ကို အီရတ်တပ်ဖွဲ့ ပြန်လည်သိမ်းပိုက်

Monday, 28 August 2017 09:28 font size decrease font size decrease font size increase font size increase font size

ဘဂ္ဂဒက် သြဂုတ် ၂၇

အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တဲအဖာမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများမှ IS စစ်သွေးကြွများကို ရှစ်ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် တဲအဖာမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ကြောင်း အီရတ်စစ်ဘက်က သြဂုတ် ၂၇ ရက်တွင်ပြောသည်။

ကြည်းတပ်မှ အမှတ်(၉) သံချပ်ကာ တပ်မနှင့် ဟက်ရှာဘီ ပြည်သူ့စစ် အဖွဲ့သည် အယ်အက်ကာရီ အနီးပတ်ဝန်းကျင်၊ စက်မှုဇုန် ဧရိယာနှင့် မြို့၏ အရှေ့မြောက်ဘက်ရှိ  အယ်ရာမာ ရွာတို့ကို ပြန်လည် သိမ်းပိုက်နိုင်ကြောင်း ပူးတွဲစစ်ဆင်ရေး ဌာနချုပ် (JOC)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အက်ဘဒူ အမီယာ ယာရာလာက အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။ တပ်ဖွဲ့ဝင်များသည် အဆိုပါ ဒေသများကို သိမ်းပိုက်ပြီးနောက် မိုဆူးမြို့ အနောက်ဘက် ကီလိုမီတာ ၇ဝ အကွာရှိ တဲအဖာမြို့ကို အပြီးတိုင် ပြန်လည်သိမ်းပိုက် နိုင်ခြင်းဖြစ်ကြောင်း အစီရင်ခံစာ အရသိရသည်။ တပ်ဖွဲ့ဝင်များနှင့် သံချပ်ကာ ယာဉ်များသည် တဲအဖာမြို့ကို သိမ်းပိုက်ပြီးနောက် မြောက်ဘက်ရှိ IS တို့ ထိန်းချုပ်ထားသော အယက် ဟီယက်မြို့နှင့် အနီး ပတ်ဝန်းကျင်ရှိ ရွာများကို ပြန်လည်သိမ်းပိုက်ရန် ဆက်လက်ချီတက် သွားကြောင်း သိရသည်။ တဲအဖာဒေသသည် ၃၂ဝ၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး အဆိုပါ ဒေသ၌ တဲအဖာမြို့နှင့် အခြားမြို့နယ် သုံးခုတည်ရှိကြောင်း သိရသည်။ အဆိုပါ မြို့နယ် သုံးခုမှာ ကာ့လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော ဇမ်မာ၊ IS အဖွဲ့ထံမှ မကြာသေးမီက ပြန်လည် သိမ်းယူထားသော မဟာလာ ဘီယာနှင့် IS တို့ ထိန်းချုပ် ထားဆဲဖြစ်သည့် အယက်ဟီယက်တို့ ဖြစ်ကြောင်း သိရသည်။

Read 523 times Last modified on Monday, 28 August 2017 09:31