SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဒုက္ခသည် ထောင်ပေါင်းများစွာအား နိုင်ငံအတွင်း ဝင်ခွင့်ပြုသည့် ဆုံးဖြတ်ချက်ကို နောင်တမရဟု မာကယ်ဆို

Monday, 28 August 2017 09:31 font size decrease font size decrease font size increase font size increase font size

ဘာလင် သြဂုတ် ၂၇

နိုင်ငံအတွင်းသို့ ဒုက္ခသည် ထောင်ပေါင်းများစွာအား ဝင်ရောက်ခွင့်ပြုသည့် ဆုံးဖြတ်ချက်ကို နောင်တမရဟု ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်က သြဂုတ် ၂၇ ရက်တွင်ပြောသည်။

ဒုက္ခသည်များအား ဂျာမနီနိုင်ငံ အတွင်းသို့ ဝင်ခွင့်ပြုရန် ချမှတ်ခဲ့သည့် ၂ဝ၁၅ ခုနှစ် ဆုံးဖြတ်ချက်ကို ဒေါသအမျက် ထွက်နေသည့် ဝေဖန်ရေး သမားများက တားဆီးနိုင်ခြင်း မရှိကြောင်း မာကယ်က Weltam Sonntag သတင်းစာနှင့် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဂျာမနီ နိုင်ငံသို့ ဆီးရီးယားနှင့် အီရတ်တို့မှ ဒုက္ခသည် တစ်သန်းခန့် ဝင်ရောက်လာပြီး ယင်းဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မာကယ်၏ ကွန်ဆာဗေးတစ် ပါတီအတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပွားသော်လည်း ၎င်း၏ တံခါးဖွင့်ဝါဒ ကျင့်သုံးရေး ဆုံးဖြတ်ချက်မှာ မှားယွင်းသည်ဟု မာကယ်က ဝန်ခံထားခြင်း မရှိပေ။ မာကယ်သည် လာမည့် ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ရွေးကောက်ပွဲ မကျင်းပမီ သတင်းပတ် လေးပတ်အလို၌ပင် ၎င်း၏ ကွန်ဆာဗေးတစ် ပါတီသည် လူထု ထောက်ခံမှု ၃၈ ရာခိုင်နှုန်း ရရှိထားကာ ပြိုင်ဘက်ဗဟို လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက် ပါတီထက် ၁၅ မှတ်အသာစီး ရထားသည်။ ကွန်ဆာဗေးတစ် ပါတီအပေါ် လူထုထောက်ခံမှုသည် ယခုနှစ် ဖေဖော်ဝါရီလတွင် ရရှိသည့် ထောက်ခံမှုနှုန်းထက် ပိုမိုမြင့်တက် လာသော်လည်း ၂ဝ၁၃ ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရရှိသည့် ထောက်ခံမှု ၄၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း သိရသည်။

Read 469 times Last modified on Monday, 28 August 2017 09:34