SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဂျပန်စစ်ဘက် ရဟတ်ယာဉ်တစ်စင်း မြေပြင် ထိန်းချုပ်ရေးနှင့် အဆက်အသွယ်ပြတ်

Monday, 28 August 2017 09:34 font size decrease font size decrease font size increase font size increase font size

တိုကျို သြဂုတ် ၂၇

ဂျပန်စစ်ဘက် ရဟတ်ယာဉ် တစ်စင်းသည် ဂျပန် ပင်လယ်ပြင်ပေါ်တွင် ပျံသန်းနေစဉ် မြေပြင် ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ် ၂၇ ရက်တွင်ပြောသည်။

အဆိုပါ ရဟတ်ယာဉ်သည် ဂျပန်ရေပြင် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့မှဖြစ်ပြီး မြေပြင် ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ် ပြတ်တောက်ပြီးနောက် လိုက်ပါသွားသည့် တပ်ဖွဲ့ ဝင်တစ်ဦးကို ဘေးမသီ ရန်မခ ကယ်ဆယ်နိုင်ကြောင်းနှင့် ပျောက်ဆုံးနေသူ သုံးဦးရှိပြီး ၎င်းတို့ကို ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်လျက်ရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

SH-60J အမျိုးအစား ရေငုပ်သင်္ဘောဖျက် အဆိုပါ ရဟတ်ယာဉ်သည် သြဂုတ် ၂၆ ရက် နှောင်းပိုင်းတွင် အိုမိုရီစီရင်စုရှိ ကမ်းရိုးတန်း မှကီလိုမီတာ ၉ဝ အကွာတွင် ထိန်းချုပ်ရေး စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက်၏ တည်နေရာကို သိရှိထားပြီး ဖြစ်ကြောင်း၊ သို့သော် ရဟတ်ယာဉ်မှာ ပျက်ကျသွားခြင်း သို့မဟုတ် ပင်လယ်အတွင်းသို့ ထိုးကျသွားခြင်း ဆိုသည်ကို ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ဂျပန်ရေပြင် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ကမူ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များကို လုပ်ဆောင်လျက်ရှိသည်။

Read 397 times Last modified on Monday, 28 August 2017 09:35