SJ WorldNews - шаблон joomla Авто

အိမ်ပြန်လိုသည့် ရွှေ့ပြောင်း ဒုက္ခသည်များကို ပြင်သစ်က ယူရို ၂၅ဝဝ ထုတ်ပေးနေ

Monday, 28 August 2017 09:37 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်   သြဂုတ်  ၂၇

ပြင်သစ် လူဝင်မှုကြီးကြပ်ရေးနှင့်ပေါင်း စည်းရေးဗျူရို (OFII)သည် ယခုနှစ်မကုန်မီ မူရင်း နိုင်ငံ သို့ပြန်လိုသည့် ရွှေ့ပြောင်းဒုက္ခသည် များအား တစ်ဦးလျှင်ယူရို ၂၅ဝဝ စီပေးလျက် ရှိကြောင်း သိရ သည်။

ယခုကဲ့သို့ ငွေပေးမှုများ သည် ဥရောပသို့ ဒုက္ခသည်များတရားမဝင် ဝင်ရောက် သည့်ပြဿနာကို ဖြေရှင်းနိုင်စေ မည်ဖြစ်ကြောင်း  ရွှေ့ပြောင်းဒုက္ခသည်များခိုလှုံရေးအဖွဲ့မှဒုတိယဥက္ကဋ္ဌ ဖရန် ဆွာ ဂူးနော့ ကပြောသည်။

OFIIသည် ယခုအခါခိုလှုံခွင့်တောင်းခံ သည့် လျှောက်လွှာအစောင်ရေ ၈ဝဝဝဝ ကို လက်ခံ ရရှိ ထားကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် လျှောက်လွှာအစောင်ရေ ၈၅၇၂၆ စောင်ရှိ ကြောင်း၊ ၎င်းပမာဏသည် ၂ဝ၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၃ ရာခိုင်နှုန်းပိုမို များပြားကြောင်းနှင့် ၅ ရာခိုင်နှုန်းခန့်ကသာ အိမ်ပြန်ကြကြောင်း ဖရန်ဆွာဂူးနော့ကပြော သည်။

ထို့ပြင် ပြင်သစ်အစိုးရသည်အိမ်ပြန်လိုသူ ရွှေ့ပြောင်းဒုက္ခသည်များအား ထောက်ပံ့ငွေ ပေး အပ် မှုကို ယူရို ၁ဝဝဝ မှ ၂၅ဝဝ အထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး  ဂျာ ရတ်ကိုလုံးက  အစောပိုင်းတွင်ကြေညာထားသည်။

ဥရောပတွင်မနေလိုသည့်ရွှေ့ပြောင်းဒုက္ခသည် အချို့သည် နေရပ်သို့ပြန်သွားကြောင်း၊ အချို့မှာ ၎င်းတို့၏ မူရင်းနိုင်ငံများ၌ အခြေအနေများ တိုးတက်လာသည့် အတွက် ပြန်သွား ကြကြောင်း နှင့် ရက် သတ္တပတ်လျှင် အာဖဂန် နစ္စတန်နိုင်ငံသား အယောက် ၃ဝ နှင့် ပါကစ္စ တန်နိုင် ငံသား အချို့မှာ ၎င်းတို့၏မွေးရပ်မြေ သို့ ပြန်ရန် သဘောတူကြကြောင်း ဖရန်ဆွာ ဂူးနော့ ကပြောသည်။      

Read 454 times Last modified on Monday, 28 August 2017 09:39