SJ WorldNews - шаблон joomla Авто

ဟောင်ကောင်နှင့် မကာအိုသို့ ရက်သတ္တပတ် အတွင်း ဒုတိယမြောက် မုန်တိုင်း ဝင်ရောက်

Monday, 28 August 2017 09:42 font size decrease font size decrease font size increase font size increase font size

ဟောင်ကောင်   သြဂုတ်   ၂၇

တရုတ်နိုင်ငံတောင်ပိုင်း၌ သြဂုတ် ၂၃ ရက်တွင် အင်အားပြင်း တိုင်ဖွန်း မုန်တိုင်းဟာတို ဝင်ရောက် မှုကြောင့်  လူ ၁၈ ဦးသေဆုံးပြီး နောက် သြဂုတ် ၂၇ ရက်တွင် ရက်သတ္တပတ် အတွင်း 

ဒုတိယမြောက် မုန်တိုင်းဖြစ်သည့် ပတ်ခါသည် ဟောင်ကောင်နှင့်မကာအိုသို့ ဝင်ရောက် တိုက်ခတ်ကြောင်းသိရသည်။

အဆိုပါမြို့နှစ်မြို့စလုံးက တတိယမြောက် အမြင့်ဆုံးမုန်တိုင်း သတိပေးချက်ကို ထုတ်ပြန် ထားပြီး ဟာတို မုန်တိုင်းကြောင့်ဖြစ်ပွားသည့် အပျက်အစီးများကို ရှင်းလင်းဖယ်ရှားမှုများနှင့် ပြင်ဆင်မှု များ လုပ်ဆောင်နေစဉ် အပူပိုင်းမုန်တိုင်းပတ်ခါက သြဂုတ်  ၂၇ ရက်နံနက် အစောပိုင်း တွင်ဝင်ရောက်လာခြင်းဖြစ်သည်။

ပတ်ခါမုန်တိုင်းကြောင့် မနက်ပိုင်းတွင် လေကြောင်းခရီးစဉ် ၅ဝ ကျော်ကိုဖျက်သိမ်း ကာ  အများ အပြားကို ဆိုင်းငံ့လိုက်ရသည့် အပြင် ဟောင်ကောင်ရှိ ရေကြောင်းပို့ဆောင် ရေးလုပ် ငန်းကို လည်း ရပ်နားထားရကြောင်း သိရသည်။

ထို့ပြင် လေတိုက်နှုန်းတစ်နာရီလျှင်ကီလို မီတာ ၁၃ဝ ရှိသည့် ပတ်ခါမုန်တိုင်းတိုက် ခတ်မှု ကြောင့် ဟောင်ကောင်ရှိစတော့ဈေး ကွက်အပြင် စာသင်ကျောင်းများနှင့်စီးပွား ရေးလုပ်ငန်း များကို လည်း ပိတ်ထားရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကိုလည်းဖြစ် ပေါ်စေသည့် ပတ်ခါမုန်တိုင်းသည် ပုလဲမြစ်၏ မြစ်ဝသို့    ဆက်လက်ရွေ့လျားသွားဖွယ်ရှိ ကြောင်း ပညာရှင်များကခန့်မှန်းထားသည်။

နွေရာသီသည်  ဟောင်ကောင်ဒေသ အတွက် တိုင်ဖွန်းရာသီဥတု ဖြစ်ပြီး တစ်ခါ တစ်ရံတွင် တစ်မြို့လုံးမှောင် အတိဖုံးသည် အထိဖြစ်ရသော မုန်တိုင်းများ တိုက်ခတ်မှုကို ခံရလေ့ရှိ ကြောင်း သိရ သည်။      

Read 504 times Last modified on Monday, 28 August 2017 09:45