SJ WorldNews - шаблон joomla Авто

တက္ကဆက်ပြည်နယ်၌ အင်အားပြင်း ဟာဗေးမုန်တိုင်းကြောင့် နှစ်ဦး သေဆုံး

Monday, 28 August 2017 09:47 font size decrease font size decrease font size increase font size increase font size

ရော့ပေါ့    သြဂုတ်   ၂၇

အင်အားပြင်း အပူပိုင်းမုန်တိုင်း ဟာဗေးသည် အမေရိကန်ပြည်ထောင်စု တက္ကဆက် ပြည်နယ် အလယ်ပိုင်းသို့ သြဂုတ် ၂၇ ရက် တွင်ရောက်ရှိလာပြီး မိုးသည်းထန်စွာရွာသွန်း မှုဖြစ်ပွား ကြောင်း သိရသည်။

ပြင်းအားအဆင့်လေးရှိ    ဟာရီကိန်းမုန်တိုင်း ဟာဗေးသည် သြဂုတ် ၂၅ ရက်မှစ၍ လေတိုက် နှုန်း တစ်နာရီလျှင် ၂၁၅ ကီလိုမီ တာနှုန်းဖြင့်ဝင်ရောက်ခြင်းဖြစ်ကာ လူနှစ်ဦး သေဆုံးကြောင်း အမျိုး သား ဟာရီကိန်းဌာန ကပြောသည်။ထို့ပြင် အဆိုပါမုန်တိုင်းသည် ၂ဝဝ၅ ခုနှစ် နောက်ပိုင်းမှစ၍ ၁၂ နှစ်အတွင်း အမေရိကန် ပြည် ထောင်စုသို့ဝင်ရောက်သည့် မုန်တိုင်းများအနက် အားအပြင်းဆုံး မုန် တိုင်းဖြစ်သည်။

သေဆုံးသူနှစ်ဦးအနက်တစ်ဦးမှာ ရော့ပေါ့အရပ်ရှိ ၎င်း၏နေအိမ်မီးလောင်ခြင်းကြောင့် ဖြစ် ကြောင်း ဒေသတွင်းတာဝန်ရှိသူများကပြောသည်။

ကျန်တစ်ဦးမှာမူ ဟျူစတန်ပြည်နယ်မှဖြစ်ပြီး သေဆုံးသူအမျိုးသမီးသည် ရေလွှမ်းမိုးမှုကြောင့် ၎င်း၏ကားမှာ ရေစီးနှင့်အတူမျောပါသွားစဉ် ကားထဲမှခုန်ချပြီးနောက် ရေနစ်သေဆုံးခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာကထုတ်ပြန်ထားသည်။

ဟာဗေးမုန်တိုင်းကြောင့် အိမ်ခေါင်မိုးများလန်ခြင်း၊ အလွယ်တကူရွှေ့ပြောင်းနိုင်သော နေအိမ်များ ပက်လက်လန်ခြင်း၊ မော်တော်ဘုတ်များမှာ လမ်းမများပေါ်တွင်သောင်တင် ခြင်းတို့ဖြစ် ပွားပြီး ကမ်းရိုးတန်း တစ်လျှောက်ရှိ လူထောင်ပေါင်းများစွာမှာ လျှပ်စစ်ဓာတ် အားမရရှိကြောင်းနှင့် မုန်တိုင်းမှာအားလျော့ သွားသော်လည်း ကမ်းရိုးတန်းတစ်လျှောက်တွင်  လာမည့် လေးရက်မှ  ငါးရက်အတွင်းရှိ နေဦးမည်ဖြစ်သည့် အတွက် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။            

Read 477 times Last modified on Monday, 28 August 2017 10:43