SJ WorldNews - шаблон joomla Авто

ဂူဂျာရက်ပြည်နယ်၌ ကုန်တင်ကားတစ်စီးနှင့်ဂျစ်ကားတစ်စီးတိုက်မိ အနည်းဆုံး ၁၁ ဦးသေဆုံး

Monday, 28 August 2017 09:51 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ   သြဂုတ်   ၂၇

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်၌ သြဂုတ် ၂၇ ရက်တွင် ကုန်တင်ကား တစ်စီး နှင့် ဂျစ်ကား တစ်စီး ဝင်တိုက်မိရာ အနည်းဆုံး ၁၁ ဦးသေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာ တစ်ခု က ဖော်ပြသည်။

 အဆိုပါမတော်တဆမှုသည် ဂူဂျာရက်ပြည်နယ် မြို့တော် ဂန္ဒီနာဂါမြို့တောင်ဘက်၃၆၄ ကီလိုမီတာ အကွာ ဘိုတက်ခရိုင်ရှိလမ်းမကြီးတစ်ခုပေါ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီးလူ ၁၁ ဦးမှာ နေရာ၌ ပွဲချင်းပြီးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

 ဒဏ်ရာရရှိသူကိုအာဏာပိုင်များက ဆေးရုံသို့ပို့ဆောင်ထားသည်။ သေဆုံးသူများတွင် အမျိုး သားခြောက်ဦးနှင့် အမျိုးသမီးငါးဦးပါဝင်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် မ်ာတော် ယာဉ်များ စည်း ကမ်းမဲ့မောင်းနှင်ခြင်း၊ လမ်းဆိုးခြင်းနှင့် ကုန်ပစ္စည်းများ အဆမတန် တင်ဆောင်ခြင်း တို့ကြောင့် ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရ သည်။

 

 

Read 467 times Last modified on Monday, 28 August 2017 10:41