SJ WorldNews - шаблон joomla Авто

မာဆေးမြို့၌ဓားကိုင်လူတစ်ဦးကလမ်းသွားလမ်းလာများကို တိုက်ခိုက် သုံးဦးဒဏ်ရာရ

Monday, 28 August 2017 09:57 font size decrease font size decrease font size increase font size increase font size

ပဲရစ်   သြဂုတ်  ၂၇

ပြင်သစ်နိုင်ငံ မာဆေးမြို့တွင် ဓားကိုင်ဆောင်ထားသည့်လူတစ်ဦးက လမ်းသွားလမ်း လာများ ကိုတိုက်ခိုက်ရာ အနည်းဆုံးသုံးဦးဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းမီဒီယာ တစ်ခု က ထုတ်ပြန် ထားသည်။

တိုက်ခိုက်မှုသည် သြဂုတ် ၂၆ ရက် ဒေသစံတော်ချိန်နံနက် ၇ နာရီခန့်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ဓားဖြင့်တိုက် ခိုက်သူအမျိုးသားမှာ ပဲရစ်မြို့မှဖြစ်ကြောင်း Le Point  သတင်းစာက ဖော်ပြထား သည်။

တိုက်ခိုက်သူအမျိုးသားသည် စိတ်ရောဂါဝေဒနာရှင်တစ်ဦးဖြစ်ပြီး အာဏာပိုင်များက ၎င်းကို စိတ်ရောဂါကု ဆေးရုံသို့ ပို့ဆောင်ပေးလိုက်သည်။ ထို့ပြင် တိုက်ခိုက်မှု အတွင်းဒဏ်ရာ ရရှိသူများ ကို သက် ဆိုင်ရာက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများသည် ဦးခေါင်းတွင်ဒဏ်ရာရရှိခြင်းဖြစ်သော်လည်း စိုးရိမ်ဖွယ်မရှိဟု အာဏာပိုင်များက ဆိုသည်။ အသက် ၃၅ နှစ်ရှိ အဆိုပါ တိုက်ခိုက်သူ အမျိုးသားသည် ယခင်က ဓားပြမှု အပါ အဝင် အခြားရာ ဇဝတ်မှုများကြောင့် ၎င်းကို ရဲတပ်ဖွဲ့ကသိရှိထားပြီး ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုမှာ အကြမ်းဖက်မှု မဟုတ်ဟု အာဏာပိုင်များက ထုတ်ပြန် ထားသည်။                    

Read 500 times Last modified on Monday, 28 August 2017 09:58