SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ မြေပြိုမှုဖြစ်ပွား

Tuesday, 29 August 2017 09:08 font size decrease font size decrease font size increase font size increase font size

ပေကျင်း သြဂုတ် ၂၈

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ သြဂုတ် ၂၈ ရက်တွင် မြေပြိုမှု ဖြစ်ပွားရာ နေအိမ် ၃၄ လုံးခန့် ပျက်စီးသွားသည့် အပြင် လူနှစ်ဦး သေဆုံးပြီး ၂၅ ဦးပျောက်ဆုံးလျက် ရှိကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ထုတ်ပြန်သည်။

ပေကျင်းမြို့ ကွေ့ကျိုးပြည်နယ်၌ ဖြစ်ပွားသည့် အဆိုပါ မြေပြိုမှုအတွင်း သေဆုံးသူနှစ်ဦး အပါအဝင် အပျက်အစီးများ ကြားမှ လူခြောက်ဦးကို ကယ်ဆယ်ရေး အဖွဲ့က ဆွဲထုတ် ကယ်ဆယ်ခဲ့ရကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ထို့နောက် တာဝန်ရှိသူ များသည် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ အထူးသဖြင့် မိုးရွာသွန်းပြီး နောက်ပိုင်း တွင် နိုင်ငံ၏ တောင်တန်းဒေသ များနှင့် ကျေးလက် နယ်မြေများ၌ မကြာခဏ မြေပြိုမှုများ ဖြစ်ပေါ်ကြောင်း သိရသည်။ ယခုနှစ် ဇွန်လနှင့် သြဂုတ်လတွင် ဆီချွမ်ပြည်နယ် အနောက်တောင်ပိုင်း၌ အလားတူ ကြီးမားသည့် မြေပြိုမှု ဖြစ်ပွားရာ လူ ၃ဝ ကျော်သေဆုံးပြီး အများအပြား ပျောက်ဆုံးကြောင်း သိရသည်။

Read 490 times Last modified on Tuesday, 29 August 2017 09:11