SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အစ္စရေးကို တိုက်ခိုက်ရန် ဆီးရီးယားနှင့် လက်ဘနွန်၌ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်နိုင်သည့် စက်ရုံ အီရန် တည်ဆောက်လျက်ရှိဟု နေတန်ယာဟုဆို

Tuesday, 29 August 2017 09:11 font size decrease font size decrease font size increase font size increase font size

ဂျေရုဆလင် သြဂုတ် ၂၈

အီရန် အစိုးရသည် အစ္စရေးကို ဆန့်ကျင် တိုက်ခိုက်ရန်အတွက် လက်နက်ခဲယမ်းများ ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆီးရီးယားနှင့် လက်ဘနွန် နိုင်ငံတို့၌ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်နိုင်သည့် စက်ရုံများကို တည်ဆောက်လျက်ရှိကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန် ယာဟုက အခိုင်အမာ ပြောဆိုထားသည်။

အီရန်အစိုးရနှင့် ဟစ်ဇဘိုလာ တပ်ဖွဲ့သည် ဆီးရီးယား ပြည်တွင်းစစ်အတွင်း သမ္မတ ဘာရှာအယ်အာဆတ်၏ အစိုးရ အဖွဲ့ကို ထောက်ပံ့ ကူညီခဲ့သည်။ အီရန်သည် ဆီးရီးယား နိုင်ငံအတွင်း ခိုင်မာသော စစ်စခန်းများ တည်ဆောက်လျက်ရှိပြီး အစ္စရေးကို အမြစ်ပြတ် ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ဆီးရီးယားနှင့် လက်ဘနွန် နိုင်ငံတို့အား ရှေ့တန်းစစ် မျက်နှာအဖြစ် အသုံးပြုရန် ဆန္ဒရှိကြောင်း နေတန်ယာဟုက ပြောသည်။

အီရန်၏ အဆိုပါ လုပ်ရပ်ကို လုံးဝလက်မခံ နိုင်ကြောင်းနှင့် ကုလသမဂ္ဂ အနေဖြင့် ၎င်းဖြစ်စဉ်အား လုံးဝ လက်မခံသင့်ကြောင်း နေတန်ယာဟုက ဆက်လက်ပြောသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတားရက်သည် သြဂုတ် ၂၇ ရက်တွင် အစ္စရေး နိုင်ငံသို့ ရောက်ရှိလာပြီး သုံးရက်ကြာ နေထိုင်မည်ဟု သိရသည်။ အဆိုပါ ခရီးစဉ်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူးကို ထမ်းဆောင်ချိန်မှစ၍ ဂူတားရက်၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ဂူတားရက်သည် ၎င်း၏ အလည်အပတ် ခရီးစဉ်အတွင်း အစ္စရေးနှင့် ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေး ပြန်လည်ရရှိစေရန် အတွက် အဆိုပါ နှစ်နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် ဂူတားရက်နှင့် တွေ့ဆုံစဉ် ၎င်းတို့နိုင်ငံ အပေါ်ထားရှိသည့် ကုလသမဂ္ဂ အဖွဲ့အစည်း၏ သဘောထားကို ပြင်းထန်စွာ ဝေဖန်ထားပြီး လက်ဘနွန် နိုင်ငံရှိ ဟစ်ဇဘိုလာ စစ်သွေးကြွ အဖွဲ့ထံသို့ လက်နက်များ တရားမဝင် ရောက်ရှိနေမှု အပေါ် ကုလသမဂ္ဂက ကာကွယ်နိုင်ခြင်း မရှိဟု စွပ်စွဲထားသည်။ အစ္စရေး အစိုးရ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုနှင့် ပတ်သက်၍ နားလည်သဘောပေါက် ကြောင်းနှင့် အစ္စရေး နိုင်ငံအား ဖျက်ဆီးမည့် ရည်ရွယ်ချက် သို့မဟုတ် စိတ်ကူးကို ၎င်းအနေဖြင့် လုံးဝ လက်မခံနိုင်ကြောင်း ဂူတားရက်က အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့် အတူပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

Read 490 times Last modified on Tuesday, 29 August 2017 09:15