SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပျောက်ဆုံးနေသော အမေရိကန် ရေတပ်အမှုထမ်း ၁ဝ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိ

Tuesday, 29 August 2017 09:20 font size decrease font size decrease font size increase font size increase font size

စင်ကာပူ သြဂုတ် ၂၈

စင်ကာပူနိုင်ငံ ကမ်းလွန်ရေပိုင်နက် အတွင်း၌ အမေရိကန် ဖျက်သင်္ဘောနှင့် ရေနံတင် သင်္ဘောတစ်စင်း တိုက်မိမှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးသွားသော အမေရိကန် ရေတပ် အမှုထမ်း ၁ဝ ဦး၏ ရုပ်အလောင်းများကို ရေငုပ်သမားများက တွေ့ရှိကြောင်း  အမေရိကန် ရေတပ်က သြဂုတ် ၂၈ ရက်တွင် ပြောသည်။

ရုပ်အလောင်း ၁ဝ လောင်းအနက် နှစ်လောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တွေ့ရှိခဲ့ပြီး ကျန်ရှစ်လောင်းကိုမူ ရေမြုပ်နေသော ယင်းဖျက်သင်္ဘော၏ အခန်းများ အတွင်းမှ ရေငုပ် သမားများက တွေ့ရှိခြင်းဖြစ်ကြောင်း ရေတပ်က ဆက်လက်ပြောသည်။ ပဲ့ထိန်းဒုံးကျည်တင် အဆိုပါ ဖျက်သင်္ဘောသည် ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်တွင် စင်ကာပူ နိုင်ငံ၌ ပုံမှန်ရပ်နားမှု လုပ်ဆောင်ရန် ခုတ်မောင်းလာစဉ် ရေနံတင် သင်္ဘောနှင့် တိုက်မိခဲ့ခြင်း ဖြစ်ပြီး သင်္ဘော ကိုယ်ထည် ဘယ်ဘက်ခြမ်းတွင် ပွင့်ထွက်ပြီး သင်္ဘောခန်းအချို့ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မတော်တဆမှုသည် ယခုနှစ်အတွင်း အမေရိကန် ပစိဖိတ် ရေယာဉ်စု၌ လေးကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်ပြီး ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် စစ်ဆင်ရေးများကို ခေတ္တရပ်နားကာ စုံစမ်းစစ်ဆေးမှု များကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

Read 539 times Last modified on Tuesday, 29 August 2017 09:24