SJ WorldNews - шаблон joomla Авто

အွန်လိုင်းမီဒီယာတွင် အစွန်းရောက်ဝါဒ ပျံ့နှံ့လာမှုကို တုံ့ပြန်ရန် အင်ဒိုနီးရှားက ဂူးဂဲနှင့် ပူးပေါင်းမည်

Saturday, 05 August 2017 15:47 font size decrease font size decrease font size increase font size increase font size

ဂျကာတာ    သြဂုတ်   

အင်ဒိုနီးရှားနိုင်ငံအတွင်း အသေခံတိုက် ခိုက်မှုများဖြစ်ပွားပြီးနောက် အွန်လိုင်းမီဒီယာ တွင် အစွန်းရောက်ဝါဒများ ပျံ့နှံ့မှုကိုတုံ့ပြန် ဖြေရှင်းရန်အတွက် အင်ဒိုနီးရှားအစိုးရက  အင်တာနက် ကုမ္ပဏီကြီးဖြစ်သည့် ဂူးဂဲနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သြဂုတ် ၄ ရက်တွင် ပြောသည်။

အကြမ်းဖက်သမားများသည်  အစွန်းရောက်ဝါဒ ဖြန့်ရန်အတွက် အင်တာနက်ကို အသုံးပြုလျက်ရှိကြောင်း၊  ဂူးဂဲနှင့်ပူးပေါင်းမှုသည် အချိန်ကာလတို တစ်ခုသာဖြစ်ကြောင်း၊ ထိုပူးပေါင်းမှုအတွင်း အစွန်းရောက်ဝါဒနှင့် ပတ်သက်သည့်   အကြောင်းအရာများကို ရွေးချယ်စစ်ထုတ်ကာ ဖျက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး ရူဒီယန်တာရာက ပြောသည်။

အဆိုပါပူးပေါင်းမှု အစီအစဉ်အရ အစွန်း ရောက်ဝါဒ သို့မဟုတ် အကြမ်းဖက်ဝါဒနှင့် ဆက်နွှယ်နေသည့် အကြောင်းအရာများကို ရှာဖွေ အစီရင်ခံမည်ဖြစ်ပြီး ထို့နောက်တွင် တရားဝင်ရှင်းလင်းရေးအစီအစဉ်အရ ၎င်းတို့ကိုအင်တာနက်ပေါ်မှ  ဖြုတ်ချသွားမည် ဖြစ်ကြောင်း ရူဒီယန်တာရာက ဂူးဂဲမှကိုယ် စားလှယ်များနှင့်တွေ့ဆုံပြီးနောက်ပြောသည်။ အဆိုပါအစီအစဉ်ကို လာမည့်နှစ်လအတွင်း စတင်သွားဖွယ်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ အတွင်းရှိ အသေခံဗုံးခွဲ တိုက်ခိုက်ရေးသမားများသည် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်နှင့်ဗုံးများအား မည်ကဲ့သို့ ပြုလုပ်ရသည်ကို သိရှိနိုင်ရန်တို့အတွက် ဆီးရီးယားနိုင်ငံ အတွင်းရှိ  IS စစ်သွေးကြွအဖွဲ့နှင့် ဆက်သွယ်ရာတွင် အင်တာနက်ကို အဓိကအသုံးပြုခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံမှ လုံခြုံရေးတာဝန်ရှိသူများသည် ဆီးရီးယားနိုင်ငံအတွင်းရှိ IS စစ်သွေးကြွအဖွဲ့၏ လှုပ်ရှားမှုများတွင် ပူးပေါင်းပြီးနောက် နိုင်ငံအတွင်းသို့ပြန်ဝင်လာသူများ၏ လှုပ်ရှားမှု မှန်သမျှကို    လေ့လာစောင့်ကြည့်လျက် ရှိကြောင်း သိရသည်။   

Read 551 times Last modified on Saturday, 05 August 2017 15:48