SJ WorldNews - шаблон joomla Авто

အမေရိကန်၏ အရေးယူ ပိတ်ဆို့မှု အသစ်သည် ခက်ခဲသည်ဟူသော အရာထက်ပိုသည်ဟု ဂျာမနီပြော

Saturday, 05 August 2017 15:49 font size decrease font size decrease font size increase font size increase font size

ဝုဘက်     သြဂုတ်    

ရုရှားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်လိုက်သည့် အရေးယူပိတ်ဆို့မှု အသစ်သည် ခက်ခဲသည်ဟူသော အရာထက်ပိုသည်ဟု ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ဆစ်ဂမာဂါဘရီယယ်က ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါအရေးယူ ပိတ်ဆို့မှုမူကြမ်းကို သြဂုတ် ၂ ရက်တွင်  လက်မှတ်ထိုးလိုက်သည့်အတွက် ဥပဒေအဖြစ် အသက်ဝင်လာခြင်းဖြစ်သည်။

ထို့ပြင် ရုရှားအရေးနှင့် ပတ်သက်၍ ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုမှ စွန့်ခွာသွားသည့် အမေရိကန် ပြည်ထောင်စု၏ လုပ်ရပ်ကိုလည်း ဂါဘရီယယ်က ပြစ်တင်ဝေဖန်ထားသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ပြီးခဲ့သည့်နှစ်များအတွင်း ရုရှားနိုင်ငံအပေါ် ထိရောက်သော အရေးယူပိတ်ဆို့မှုများ အတူတကွ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက နိုင်ငံမြောက်ပိုင်းရှိ ဝုဘက်မြို့၌ ပြောသည်။

အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားရေးမူဝါဒနှင့် စီးပွားရေး အကျိုးအမြတ်ကို   စိတ်အားထက်သန်စွာ ပေါင်းစပ်လိုက်ခြင်းဖြစ်ပြီး ထိုသို့ပေါင်းစပ်ခြင်းဖြင့် ရုရှား နိုင်ငံမှသဘာဝ ဓာတ်ငွေ့များကို   ဥရောပဈေးကွက်မှ ဖယ်ရှားနိုင်မည်ဖြစ်ကာ   အမေရိကန်ပြည်ထောင်စုမှသဘာဝဓာတ်ငွေ့များကို  ရောင်းချနိုင်မည်ဖြစ်ကြောင်း ဂါဘရီယယ်က ပြောသည်။             

Read 420 times Last modified on Saturday, 05 August 2017 15:50