SJ WorldNews - шаблон joomla Авто

IS ခြိမ်းခြောက်မှုကို တားဆီးရန် ဆိုင်းနိုင်းနယ်စပ် တစ်လျှောက်၌ အစ္စရေးက မြေအောက်တံတိုင်း တစ်ခုတည်ဆောက်မည်

Saturday, 05 August 2017 15:54 font size decrease font size decrease font size increase font size increase font size

ဂျေရုဆလင်   သြဂုတ် 

အစ္စရေးအစိုးရသည် IS စစ်သွေးကြွများက နိုင်ငံအတွင်းသို့  လိုဏ်ခေါင်းများတူး၍ ဝင်ရောက်မှု အားတားဆီးရန်အတွက် ဂါဇာကမ်းမြောင်ဒေသအနီး အီဂျစ်နယ်စပ် တစ်လျှောက်၌ မြေအောက်တံတိုင်း တစ်ခုဆောက်လုပ်ရန် စီစဉ်နေကြောင်း ဒေသတွင်း သတင်းဌာနက  သြဂုတ် ၄ ရက်တွင် ထုတ်ပြန်သည်။

ဂါဇာကမ်းမြောင်ဒေသ ဝန်းကျင်တွင် ဆောက်လုပ်မည့် အဆိုပါတံတိုင်းသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၉၄ဝ ကုန်ကျမည်ဖြစ်ပြီး တစ်နှစ်ခွဲကြာမြင့်မည်ဟု မျှော်မှန်းရကြောင်း Ynetnews သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအစီအစဉ်တွင်    အဆိုပါနယ်မြေ တောင်ဘက်သို့တိုးချဲ့ကာ   အရှည် သုည ဒသမ ၆ မိုင်နှင့် နယ်စပ်တစ်လျှောက် အရှည် ၁ ဒသမ ၈ မိုင်ရှိသော  မြေအောက်တံတိုင်း တည်ဆောက်မှုတို့ ပါဝင်ကြောင်း အကြမ်း ဖျင်း ဖော်ပြထားသည်။

ဆိုင်းနိုင်းအခြေစိုက်စစ်သွေးကြွများသည် IS  စစ်သွေးကြွများထံသို့  ၂ဝ၁၄  ခုနှစ်တွင်သစ္စာခံထားပြီး ယင်းဒေသတွင်းဖြစ်ပွားသော တိုက်ခိုက်မှုများမှာ   ၎င်းတို့လက်ချက်ဖြစ်ကြောင်း Wilayat Sinai ဟုကြေညာ ထားသည့် ယင်းအဖွဲ့ကပြောသည်။

အစ္စရေးအစိုးရသည်   နိုင်ငံအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် အကြမ်းဖက်သမားများ အသုံးပြုနေသော မြေအောက်လိုဏ်ခေါင်းများကို ပိတ်ဆို့ရန်အတွက်နှစ်ပေါင်းများစွာကြာ ကြိုးပမ်းလျက်ရှိကြောင်း   သိရသည်။                                                                 

Read 414 times Last modified on Saturday, 05 August 2017 15:55