SJ WorldNews - шаблон joomla Авто

ဂျာမနီက ရွှေ့ပြောင်း ဒုက္ခသည်များကို အီတလီသို့ပြန်ပို့

Saturday, 05 August 2017 18:07 font size decrease font size decrease font size increase font size increase font size

ဘာလင်    သြဂုတ်  

ဂျာမနီအစိုးရသည် ရွှေ့ပြောင်းဒုက္ခသည်များကို အီတလီနိုင်ငံသို့ စတင်၍ပြန်လည် ပို့ဆောင်နေပြီဖြစ်ကြောင်း ဂျာမနီနိုင်ငံထုတ် Neue Osnabruecker Zeitung သတင်းဌာနက သြဂုတ် ၄ ရက်တွင်ဖော်ပြသည်။

ဇွန်လအစောပိုင်းတွင် မူဝါဒများ ပြောင်းလဲပြီး အီတလီနိုင်ငံ၌ ရွှေ့ပြောင်း ဒုက္ခသည်များအနေဖြင့် မိသားစုလိုက် နေထိုင်ခွင့်ရကြောင်း ဆုံးဖြတ်ထားသည်ဟု ၎င်းသတင်းစာတွင် ဖော်ပြထားသည်။

ဂျာမနီအစိုးရသည် ရွှေ့ပြောင်းဒုက္ခသည်များ ခိုလှုံခွင့်နှင့် စောင့်ရှောက်ရေး စင်တာများ မလုံလောက်မည်စိုးသဖြင့် ၂ဝ၁၄ ခုနှစ်အကုန်ပိုင်းတွင် ရွှေ့ပြောင်းဒုက္ခသည်များကို အီတလီ နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်းအား ရပ်တန့်ခဲ့သည်။

ဒဗ္ဗလင်စာချုပ်အရ ရွှေ့ပြောင်းဒုက္ခသည်များသည်  ၎င်းတို့ပထမဆုံး ဝင်ရောက်လာသော ဥရောပတိုက်နိုင်ငံတွင်သာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံရမည်ဖြစ်သည်။  အီတလီအစိုးရသည် ဒုက္ခသည်များအတွက် လုံလောက်သော နေရာထိုင်ခင်းနှင့် စောင့်ရှောက်မှုများကို ပြုလုပ် ပေးမည်ဖြစ်ကြောင်း  အာမခံထားသည်ဟု ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ အစိုးရရုံးက မှတ်ချက်ပြု ပြောဆိုထားသည်။

ဒဗ္ဗလင်စာချုပ်၏ ကန့်သတ်ချက်မူဘောင် အရ ဂျာမနီအစိုးရသည် ရွှေ့ပြောင်း ဒုက္ခသည်များကို ပြန်လည်နေရာချထားပြီး ဖြစ်ကြောင်း စထရက်ဘော့မြို့ရှိ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက  ယူဆထားသည်။

မွေးကင်းစကလေးငယ်နှင့် ကလေးငယ်များရှိသော ရွှေ့ပြောင်းဒုက္ခသည် မိသားစု များအနေဖြင့် တစ်နိုင်ငံမှတစ်နိုင်ငံသို့  ရွှေ့ ပြောင်းရန်မလိုကြောင်း ဒဗ္ဗလင်စာချုပ်တွင် ဖော်ပြထားသည်။ 

Read 449 times Last modified on Saturday, 05 August 2017 18:08