SJ WorldNews - шаблон joomla Авто

တယ်လီဖုန်းမှ တစ်ဆင့်လိမ်လည်သူ တရုတ်နိုင်ငံသား ၁၇၅ ဦးကို ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး

Saturday, 05 August 2017 18:11 font size decrease font size decrease font size increase font size increase font size

ဖနွမ်းပင်   သြဂုတ်  

တရုတ်နိုင်ငံမှ သတင်းပေးချက်အရ တယ်လီဖုန်းမှတစ်ဆင့် လိမ်လည်သူ တရုတ်နိုင်ငံသား ၁၇၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ကမ္ဘောဒီးယား တာဝန်ရှိသူများက ပြောသည်။

အဆိုပါသံသယရှိသူ တရုတ်နိုင်ငံသားများကို ထိုင်းနယ်စပ်ရှိ ပွိုင်ပတ်မြို့ အနောက်ဘက်၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ လူဝင်မှုစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အကြီးအကဲ ဗိုလ်ချုပ်ကြီးအောက်ဟိုင်ဆေးလာက သြဂုတ် ၄ ရက်တွင်ပြောသည်။

၎င်းတရုတ်နိုင်ငံသားများသည် လူအများကို လှည့်စားရန် သို့မဟုတ် ငွေတောင်းခံရန် အတွက် တယ်လီဖုန်းမှတစ်ဆင့် လိမ်လည်၍ ဖုန်းခေါ်ဆိုခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်း တာဝန်ရှိသူများ၏ နှိမ်နင်းမှုကြောင့် ၎င်းတို့ကို သြဂုတ် ၂ ရက်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်းကလည်း ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားကြောင်း သိရသည်။

၎င်းဖြစ်စဉ်များတွင်လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး သံသယ ရှိသူများကို တရုတ်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။ 

Read 442 times Last modified on Saturday, 05 August 2017 18:13