SJ WorldNews - шаблон joomla Авто

မာဒူရိုကို လုပ်ကြံ သတ်ဖြတ်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ခုနစ်ဦးကို ဖမ်းမိန့်ထုတ်

Saturday, 11 August 2018 10:57 font size decrease font size decrease font size increase font size increase font size

ကရားကပ်  သြဂုတ် ၁ဝ

ဗင်နီဇွဲလားအစိုးရသည်   သမ္မတနီကိုး လပ်မာဒူရိုကိုလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု ယူဆရသူခုနစ်ဦးကို ဖမ်းဆီးရန် အတွက်  ဖမ်းမိန့်များထပ်မံထုတ်ပြန်လိုက်ကြောင်း AVN သတင်းဌာနက ထုတ်ပြန်သည်။

ဖမ်းမိန့်ထုတ်ပြန်ခြင်းခံရသူများသည် မာဒူရို ကိုလုပ်ကြံသတ်ဖြတ်ရန်ကြံစည်မှုတွင် ငွေကြေးထောက်ပံ့ခြင်း၊  တည်းခိုခန်း စရိတ်များ ပေးချေခြင်း၊ လုပ်ကြံသတ်ဖြတ်မည့်သူများအား ထောက်ပံ့ခြင်း စသည့်လုပ်ဆောင်ချက်များ တွင်ပါဝင်ခဲ့သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်ရန်ကြံစည်မှုတွင် ပါဝင်ဆက်နွှယ်သည်ဟုယူဆရသူ ၁ဝ ဦးကို အစိုးရက လက်ရှိတွင် ဖမ်းဆီးထားသည်။ ထို့ပြင် နောက်ထပ် ၁၁ ဦးကို ဖမ်းဆီးရန်နှင့် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် ဗင်နီဇွဲလား အစိုးရက   အခြားနိုင်ငံများကို အကြောင်းကြားထားသည်။ အစိုးရက ဖမ်းဆီးရန်  လိုက်လံရှာဖွေ နေသူများအနက်  တစ်ဦးမှာ လွှတ်တော်အမတ်ဟောင်း ဂျူလီယို ဘော်ဂက်ဖြစ်ပြီး  ယခုအခါ  ကိုလံဘီယာ နိုင်ငံ၌ နေထိုင်ကြောင်း သိရသည်။

ဗင်နီဇွဲလားအစိုးရသည် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနှင့် ဆက်နွှယ်သည်ဟုယူဆရသူ ၂၅ ဦးကိုလည်း စုံစမ်း စစ်ဆေး နေသည်။

လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သူများသည် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသည့် မောင်းသူမဲ့ လေယာဉ် နှစ်စင်း   အသုံးပြု၍  သမ္မတ နီကိုးလပ် မာဒူရိုကို ပြီးခဲ့သည့် သီတင်းပတ်တွင် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read 127 times Last modified on Saturday, 11 August 2018 10:58